ဟော်တယ် ဝန်ကြီး ယာဉ်တန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
ဟော်တယ်ဝန်ကြီး ယာဉ်တန်းအား တိုက်ခိုက်မှုနောက်ဆက်တွဲ သတင်းအဖြစ် အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံ PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် စစ်ကောင်စီခန့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးနှင့် စစ်ကောင်စီခန့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဉ်တန်းအား ဒေသခံ PDF အဖွဲ့က နိုဝင်ဘာလ ၁၅ ရက်နေ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယာဉ်တန်းတိုက်ခိုက်ခံရမှုသည် ဒေသအတွင်းရှိ PDF ညီ နောင်လေးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပုသိမ် အနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PWDF ကသတင်းထုတ်ပြန်သည်။
ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PWDF အဖွဲ့ဝင်တစ်ဦးက “တောင်သာယာကုန်း အကွေ့နားမှာ မိုင်း ၃ လုံး တပြိုင်ထဲဆွဲပစ်လိုက်တာ။ ၅ မိနစ်လောက်တော့ အပြန်အလှန် ပစ်ခတ်ခဲ့တာမျိုးတော့ ရှိတယ်။ ကျနော် တို့ တွေ အထိအခိုက်မရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြောသည်။
ပုသိမ်-ချောင်းသာ ကားလမ်းခြောက်ကောင်ကျေးရွာအနီး တောင်သာယာကုန်းကွေ့တွင် မြစ်ဝကျွန်းပေါ် ပြောက် ကျား စစ်ဆင်ရေး တပ်ပေါင်းစု၊ Beach Defance Force ၊ ဧရာဝတီတောဝက်အဖွဲ့ နှင့် ပုသိမ် အနောက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PWDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်သည်ဟု နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။
ယာဉ်တန်းတွင် လိုက်ပါသူများ၏ ထိခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှု အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင် စီဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ပစ်ခတ်မှုအပြီး စစ်တပ်နှင့် ရဲအင်အား ၆၀ ကျော်က ကားလမ်းပိုင်း နှင့် တောတွင်းနေရာများကို ရှာဖွေမှုများ ပြု လုပ်ခဲ့ပြီး ယနေ့ (နိုဝင်ဘာလ ၁၆ ရက်နေ့) ၁၁ နာရီအချိန်ခန့်တွင် တပ်များပြန်ရုတ်သွားပြီး ဖြစ်သည်ဟု ဒေသခံ များ က ပြောသည်။
ဒေသခံတစ်ဦးက “ထိတာတော့ တော်တော်များများ ထိလိမ့်မယ်။ ဘာလိုဆို ညချက်ချင်းပဲ အပြုံလိုက် တောနင်း ကြတယ်။ ဝန်ကြီး ကားတန်းဆိုတော့ ပိုဆိုး“ ဟု ပြောသည်။
စစ်တပ်နှင့် ရဲအင်အား အလုံးအရင်းသုံးပြီး တောနင်းရှာဖွေခဲ့ကြသော်လည်း ပြောက်ကျားရဲဘော်များကို ရှာမ တွေ့ခဲ့ပေ။
အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် ချောင်းသာကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ သည့် စစ်ကောင်စီခန့် ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဒေါက်တာဌေးအောင် နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ လိုက်ပါလာသည်ဟု စစ်ကောင်စီရုံး ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
ယမန်နေ့ညက ဖမ်းထားသည့် ဆိုင်ကယ်စီးလူငယ် ၆ ဦး၊ ရှောပြာကျေးရွာက နယ်လှည့်ပိုက်ကျော်ခြင်း ခတ်သည့်အဖွဲ့မှ လူငယ် ၄ ဦးကို ယနေ့အချိန်ထိ ပြန်မလွတ်ပေးသေးဘူးဟုလည်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့ တစ်ဦးက ပြောသည်။