တစ်နှစ်ခွဲကာလအတွင်း ပြည်သူ နှစ်ထောင်ကျော်သေဆုံးဟု AAPP ဆို 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှု တစ်နှစ်ခွဲကာလအတွင်း ပြည်သူ ၂,၂၆၂ ယောက်အထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။