ဖမ်းဆီးခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အလောင်းပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။
ထားဝယ်မြို့ပေါ်က ဆင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းကို လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တစ်ရက်အကြာတွင် အလောင်းပြန်တွေ့ခဲ့ရသည်ဟု ရပ်ကွက်နေထိုင်သူများ က ပြောသည်။
ဆင်ဆိပ်ရပ်ကွက် လမ်းဆုံအနီး နေထိုင်ပြီး သဲကျောက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူ အုပ်ချုပ်ရေးမှူးဟောင်း အသက် ၆၀ နှစ်အရွယ် ဦးကျော်မြင့် ဆိုသူကို သြဂုတ်လ ၁၅ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က နေအိမ်တွင် ရှိနေစဥ် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ရက်အကြာ သြဂုတ်လ ၁၆ ရက်နေ့၊ နံနက်အစောပိုင်းတွင် ဆင်ဆိပ်ရပ်ကွက် မျက်နှာချင်းဆိုင်၊ လောက်းလုံးမြို့နယ် ဘက်ခြမ်းရှိ ထားဝယ်မြစ်ကမ်း နံဘေးတွင် အလောင်းကို တွေ့ခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ နှစ်အရွယ် မြို့ခံတစ်ဦးက “အလောင်းက ပြန်တွေ့ရပြီ၊ သူ့နေတဲ့ အိမ်နေရာနဲ့ နီးနီးကလေး ဟိုဘက် ကမ်းမှာ တွေ့တာ၊ ခေါင်းက ပွင့်ထွက်နေတယ်၊ စစ်သားတွေ ရဲတွေနဲ့ အတော်လေး ခြေရှုပ်နေကြတယ်” ဟု ပြောသည်။
ဦးကျော်မြင့်မှာ ဦးခေါင်းနှင့် လက်မောင်းတို့တွင် သေနတ်ထိမှန်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
ပစ်သတ်ခံရသူ ဦးကျော်မြင့်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ပြီး စစ်ကောင်စီနှင့် နီးစပ်တဲ့သူ တစ်ဦးဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
သေဆုံးသွားသူ ဦးကျော်မြင့်၏ အလောင်းကို သြဂုတ်လ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်း၌ပင် သင်္ဂြိုဟ်လိုက်ပြီ ဖြစ် သည်။
ဦးကျော်မြင့်သည် ယခင် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ လက်ထက်၌ ထားဝယ်ခရိုင် အထွေထွေအုပ်
ချုပ်ရေးမှူးရုံးတွင် လုပ်ကိုင်ခဲ့ဖူးပြီး စစ်အစိုးရလက်ထက်မှာပင် ဆင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
၎င်းဖမ်းဆီးခံလိုက်ရသည့် သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က ဆင်ဆိပ်ရပ်ကွက် လမ်းဆုံတဝိုက်တွင် လုံခြုံရေးတင်းကြပ်ခဲ့ပြီး နေအိမ်များကို ရှာဖွေခြင်း၊ ရပ်ကွက်နေ ပြည်သူများကို စစ်ဆေး မေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ထို့အပြင် သြဂုတ်လ ၁၆ရက်နေ့တွင်လည်း ဆင်ဆိပ်ရပ်ကွက် လမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် ရဲများက လုံ
ခြုံရေး ဆက်လက်ယူထားပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းများကို စစ်ဆေးခဲ့ကြသည်။
ထားဝယ်မြို့ပေါ်တွင် ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခဲ့သည့် ဖြစ်စဥ်မျိုးမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စာရင်းကောက်ခံရာတွင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနက တာဝန်ရှိသူများ အပါအဝင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး စသည့် ဌာနများမှ တာဝန်ရှိသူများက အိမ်ထောင်စု စာရင်းကောက်ယူပြီး စစ်မှုထမ်းရန် အသက်ပြည့်သည့် လူငယ်များအား စိစစ် စစ်ဆေးမှုများ တင်းကြပ်စွာ ဖိအားပေး လုပ်ဆောင်နေသည် ဟု နိုင်အဲမွန် က ဆိုသည်။
ထိုကဲ့သို့ တင်းကြပ်စွာ ဖိအားပေး လုပ်ဆောင်နေရခြင်းသည် စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အဆင့်ဆင့် ဖိအားပေး လုပ်ဆောင်နေသည့် စီမံချက်တစ်ခု ဖြစ်သည်ဟု နိုင်အဲမွန် က သုံးသပ်သည်။
“အခုသွားနေတဲ့ ပုံစံက ကျနော်တို့ သိတဲ့ အတိုင်း ဒီစစ်အင်အား အမြဲလိုနေတယ်။ နောက်တခုက သတ်မှတ် အင် အား မပြည့်ဘူး။ သတ်မှတ်အင်အား မပြည့်မီတဲ့ခါကြတော့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က နေပြီးတော့ တပ်ရင်း တပ်ဖွဲ့တွေကို ဖိအားပေးပုံရတယ်။ အဲ့ကနေတစ်ဆင့် ထွေအုပ်တွေ၊ အုပ်ချူပ်ရေးမှူးတွေ၊ မြို့နယ် ကျေးရွာအုပ်စု၊ တိုက်နယ်ကျေးရွာ၊ ရပ်ကွက် အဆင့်ထိ အဆင့်ဆင့် ဆင့်ကဲ ဆင့်ကဲ ဖိအားပေးပုံရတယ်။”
မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၏ စစ်တမ်းကောက်ယူ ရရှိမှုများအရ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ် မြောက်ပိုင်း၊ ကျိုက်မရော၊ ဘားအံ၊ ဘီးလင်း၊ ပေါင်မြို့နယ်နှင့် ထားဝယ်ဘက်တွင်လည်း လောင်းလုံးနှင့် ရေဖြူမြို့နယ်ထဲတွင် နေထိုင်သည့် အမျိုးသမီးများအား စစ်မှုထမ်းရန် စာရင်းများ ကောက်ယူနေသည်ဟု ဆို သည်။
စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူငယ် အများစုသည် စိုးရိမ်ကြောင့်ကြမှု ကြီးစွာဖြင့် ရှောင်တိမ်းနေကြရသည်။
ဓါတ်ပုံ – ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၃) သင်တန်းသားများပုံ (စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာန)