လက်နက်ကိုင် အင်အားစုများ မဟာမိတ်စုဖွဲ့ရေး ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် လူထုတော် လှန်ရေး မဟာ မိတ် အင်အားစု (PRA-Magway) တို့ မေလ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန့်ကျဲနေသည့် လက်နက်ကိုင် တော်လှန်ရေး အစုအဖွဲ့များ စုစည်းရေးနှင့် မဟာမိတ်ဆိုင်ရာ စုဖွဲ့တည်ဆောက် ရေးကို ဆွေးနွေးခဲကြသည်ဟု မေလ ၂၆ ရက်နေ့ (ယနေ့) တွင် အသိပေး ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ အဖွဲ့ ၂ ဖွဲ့၏ ပူးတွဲထုတ်ပြန် ချက်ထဲတွင် အထူးသဖြင့် ပြန့်ကျဲနေသည့် လက်နက်ကိုင် တော်လှန်ရေး အင်အားစု အဖွဲ့အစည်း အသီးသီးအား စုစည်းရေးနှင့် မဟာမိတ်ဆိုင်ရာ စုဖွဲ့တည်ဆောက်ရေး လုပ်ငန်းစဉ်များ လိုအပ်သည့် အချက်ကို အလေးထား၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်း ပူးတွဲ သတင်းထုတ်ပြန်အပ်ပါသည်ဟု ပါရှိသည်။

ထို့အပြင် နွေဦးတော်လှန်ရေး စတင်ချိန်မှ လက်ရှိအချိန်အတွင်း နိုင်ငံရေးဖြစ်ထွန်းမှု အခြေအနေများကိုလည်း သုံးသပ်ခဲ့ကြပြီး စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ နိုင်ငံရေး၊ စစ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ အားကောင်းလာ စေရေးတို့ အတွက် လက်တလောလုပ်ငန်းစဉ်၊ ရှေ့လုပ်ငန်းစဉ်များကိုလည်း နှစ်ဖက်အပြန်အလှန် ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြသည်ဟု ဆိုသည်။

တွေ့ဆုံဆွေးနွေးပွဲကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ကြပြီး ABSDF ဖက်က ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များနှင့် လူထုတော်လှန်ရေး မဟာမိတ် အင်အားစု(PRA-Magway) ဥက္ကဋ္ဌ ဖက်က ရဲဘော် နေမွန် ဦးဆောင်သော ဗဟိုကော်မတီ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။