ICJ ကြားနာမှု တရားလိုဘက်၌ နိုင်ငံကြီးများ ပူးပေါင်းပါဝင်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
ယနေ့ ဇန်နဝါရီလ ၁၂ ရက်၊ တနင်္လာနေ့တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမှုကို ဆက်လက်ကြားနာမည် ဖြစ်သည်။
ယခုကြားနာမှုတွင် တရားလိုဖြစ်သော ဂမ္ဘီယာနိုင်ငံအပြင် ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ ကနေဒါနှင့် မော်လ်ဒိုက် စသည့် နိုင်ငံ (၇) နိုင်ငံကလည်း တရားလိုဘက်မှ ကြားဝင်ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။
အဆိုပါနိုင်ငံများသည် ဥပဒေကျွမ်းကျင်သူ ရှေ့နေများဖြင့် ပါဝင်ကူညီမည့်အပြင် ၎င်းတို့ရရှိထားသော အထောက်အထားများကို တင်ပြခြင်းနှင့် အမှုစရိတ်များ ပံ့ပိုးပေးခြင်းတို့ကို လုပ်ဆောင်သွားကြမည် ဖြစ်သည်။
မြန်မာနိုင်ငံဘက်မှ ဤသို့ ကြားဝင်ပါဝင်မှုများကို ကန့်ကွက်ခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။
အဆိုပါအမှုမှာ ၂၀၁၆-၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်၊ မမြောက် စစ်ဆေးနေခြင်း ဖြစ်သည်။