သာယာဝတီထောင်တွင် နိုင်ကျဉ်းတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်။ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီထောင်တွင် နိုင်ငံရေး အကျဉ်းသားတစ်ဦး သေဆုံးသွား သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မရဲစခန်းတွင် ပုဒ်မ ၅၀-ဈဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူ အသက် ၄၈ နှစ်အရွယ် ဦးကျော်စိုးဦး (ခ) ဦးဇော် သေဆုံးခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်  PPNM က ထုတ်ပြန်သည်။ 

ဆေးကုသခွင့် လုံလောက်စွာ မရရှိသဖြင့် သေဆုံးခဲ့ရသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် (PPNM) ဦးဆောင် ကော်မတီဝင်ဖြစ်သူ မရောင်နီ လင်းက မိသားစုနဲ့ ပေးတွေ့လားဆိုတော့ ထောင်ထဲမှာ သူတို့ ထောင်ထဲမှာ သေဆုံးသွားတယ်ပေါ့နော်။ သေဆုံး သွားတော့ ရင်ခွဲရုံကို ပို့တယ်။ နောက်ရက် အသုဘချတယ်ဆိုတော့ မိသားစုနဲ့ ပေးတွေ့တာမျိုးတော့ ရှိခဲ့ပါ တယ်။ မိသားစုကလည်း အပြင်မှာပဲ သဂြိုဟ်ပေးခဲ့တယ်ပေါ့နော် ဟု ပြောသည်။

ထောင်တွင်း ဆေးကုသခွင့် မရရှိခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ ပြင်ပဆေးခန်းများသို့ ပြောင်းရွှေ့ ကုသခွင့် မရရှိခြင်း စသည့် အကြောင်းအရာများကြောင့် ဇွန်လ ၁၀ ရက်နေ့၌ နှလုံးရောဂါ၊ သွေးတိုးရောဂါခံများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ 

သာယာတီထောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် နိုင်ကျဉ်းများ အပါအဝင် အကျဉ်း သား အားလုံးသည် ရောဂါ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများ ပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့် သည့် အခြေအနေမဟုတ်ဘဲ သေဆုံးရခြင်းများ ကြုံတွေ့နေကြရသည်ဟု မရောင်နီလင်းက ဆက် ပြောသည်။

သာယာဝတီထောင်က သိတဲ့အတိုင်း ကြမ်းတဲ့ထောင်ပေါ့နော်။ အာဏာရှင်တွေရဲ့ လက်ပါးစေထောင်လို့ ပြော လို့ ရတာပေါ့နော်။ ကြမ်းတမ်းတယ် ပြီးတော့ နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ သာယာဝတီထောင်မှာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာ ကြောင့် သေဆုံးခဲ့တာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ စောင့်ကြည့်လေ့လာဆဲပဲ ဖြစ်တယ်ပေါ့နော်။

မြန်မာတစ်နိုင်ငံလုံးရှိ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင်များတွင် ၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ စတင်၍ ဇွန်လ ၆ ရက်နေ့အထိ ‌လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် ထိခိုက်သေဆုံးသည့် နိုင်ကျဉ်းအရေအတွက် ၁၀ ဦးခန့်ထိ ရှိပြီဟု PPNM စာရင်းပြုစုချက်များအရ သိရသည်။