ထိုင်းနယ်စပ် ကရင်ပြည်အတွင်း KNU စခန်းသိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်။
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု KNU က ပြောသည်။
ကော့ကရိတ်မြို့နယ်ထဲက ထီးကပလယ်တပ်စခန်းကို KNLA၊ KNDO ၊ PDF ပူးပေါင်းတပ်က ဇွန်လ ၂၂ ရက်နေ့ (ယမန်နေ့)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု KNU က ဇွန်လ ၂၃ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန် ပြောဆိုသည်။
အဆိုပါ တပ်စခန်းသည် KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲတွင် တည်ရှိပြီး ၎င်းတို့၏ ဌာနချုပ်ဟောင်းတစ်ခုဖြစ်သည်ဟု KNU က ပြောသည်။
စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် KNU ဌာနချုပ် မာနယ်ပလောမှ ဆုတ်ရပြီးနောက် ၁၉၉၅ ခုနှစ်တွင် ထီးကပလယ် နေရာကို KNU က ဌာနချုပ်သစ်အဖြစ် တည်ထောင်ခဲ့ပြီး ၂ နှစ် မပြည့်မှီ ၁၉၉၇ ဖေဖော် ဝါရီလတွင် မြန်မာ့တပ်မတော်မှ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခံခဲ့ရသည်ဟု KNU က ပြောသည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အဆိုပါ တပ်စခန်းကို ၂၈ နှစ်အကြာတွင် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။