သာယာဝတီထောင်တွင် နိုင်ကျဉ်း တစ်ဦး ရိုက်နှက် တိုက်ပိတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။ 

သာယာဝတီ အကျဉ်းထောင်၌ နိုင်ငံရေး အကျဉ်းသား တစ်ဦး ရိုက်နှက် တိုက်ပိတ်ခံထားရသည်ဟု အကျဉ်းဦးစီး နှင့် နီးစပ်သူများက ပြောသည်။

ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးကို ပုခုံးဆစ် ပြုတ်သည်အထိ ရိုက် နှက်ခံရပြီး ဇူလိုင်လ ၁၇ ရက်နေ့ အထိ တိုက်ပိတ်ထားဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ယက် (PPNM) က ထုတ်ပြန်သည်။

PPNM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကိုအောင်သူထက် တိုက်ပိတ်ခံထားရတဲ့ အခြေအနေပေါ့ နော်။ စတင်တိုက်ပိတ်ပြီ ဆိုတာနဲ့ ထောင်ဝင်စာ ပါဆယ်ပါ တစ်လအနည်းဆုံး ပိတ်ခံထားရတဲ့ အခြေအနေ ဖြစ် ပါတယ်။ မိသားစုဝင်တွေ အဆက်အသွယ် နဂိုကတည်းက ခက်ခဲတဲ့သူဆိုရင်တော့ ထောင်ဝင်စာ အင်မတန်  ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားဖြစ်သည့် ကိုအောင်ထက်သူအား အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း စိုးမင်းက အခြား ရာဇဝတ် အကျဉ်းသားနှင့် ရန်ဖြစ်သည်ဟု ဆိုကာ စွပ်စွဲရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ကိုအောင်ထက်သူအား ဇူလိုင်လ ၆ ရက်နေ့တွင် ရိုက်နှက်ခဲ့ပြီးနောက် ဆေးကုသခွင့် ပိတ်ပင်ထားခဲ့ပြီး ယင်းနေ့ နေ့လည် ၂ နာရီမှသာ နိုင်ကျဉ်းများ၏ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ဆေးကုသခွင့် ရရှိခဲ့သည်ဟု ထောင်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ကျူးလွန်သူ စိုးမင်း ဆိုသူမှာ ယခင်နှစ်များကလည်း နိုင်ကျဉ်းများ အပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက် ကျူးလွန်မှုများ မကြာခဏ လုပ်ဆောင်လေ့ ရှိသဖြင့် တိုင်ကြားခြင်း ခံထားရသူ ဖြစ်သည်ဟု နိုင်ကျဉ်းဟောင်း များက ပြောသည်။

သို့သော် ၎င်းအား လက်ရှိချိန်အထိ ထောင်ပြောင်းရွှေ့ပေးခြင်း မရှိဘဲ သာယာဝတီထောင်၌သာ အပြင်ထွက်ခွင့် ပိတ်ခြင်း၊ ထောင်အဆောက်အအုံ ပြောင်းခြင်းဖြင့်သာ အရေးယူခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ပေးထားဆဲဖြစ်သည်ဟု ဆိုသည်။

ထောင်တိုင်းနီးပါး အဓိက ဖိနှိပ်မှုတွေ ဖြစ်ပေမယ့် အများအားဖြင့် မန္တလေး အိုးဘိုထောင်၊ မြင်းခြံထောင်၊ ဒိုက်ဦးထောင်၊ သာယာဝတီထောင်ပေါ့နော် ပြီးတော့ မကွေးထောင်၊ မုံရွာထောင်ပေါ့နော်။ ဒီလိုထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်တဲ့ ကိစ္စတွေတော့ ရှိပါတယ်။ အများအားဖြင့်တော့ ဗဟိုထောင်တွေပေါ့ နော်၊ ထောင်မကြီးတွေတော့ ပိုပြီးတော့ ဖိနှိပ်မှု ပိုများတယ်လို့ ပြောလို့ရပါတယ်ခင်ဗျာ ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

သာယာဝတီ အကျဉ်းထောင်၌ နိုင်ငံရေး အကျဉ်းသားများအား လူ့အခွင့်အရေး ချိုးဖောက်သည့် အကြမ်းဖက် ဖိနှပ်မှုများ ဆက်တိုက် ကျူးလွန်နေကြသော်လည်း စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များက လျစ်လျူရှုထားသဖြင့် ဖိနှိပ်များ ဆက်လက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

နိုင်ကျဉ်းများ၏ အကျဉ်းသား အခွင့်အရေးအရ ထောင်တွင်း ဆေးဝါးကုသမှုနှင့် ဆေးဝါးလုံလောက်စွာ ထားရရှိ ရေး၊ ကျန်းမာရေးအရ စိုးရိမ်ရသူများကို ပြင်ပဆေးရုံသို့ အချိန်နှင့် တပြေးညီ ပို့ဆောင်ပေးရန် PPNM မှ တောင်း ဆိုထားသော်လည်း အကျဉ်းဦးစီးဌာနမှ လိုက်နာမှု မရှိသဖြင့် နှစ်စဉ်ပျမ်းမျှ နိုင်ကျဉ်း ၂၅ ဦးခန့် အသက် ဆုံးရှုံးနေ ရသည်ဟု ဆိုသည်။