ထိုင်းနှင့် မြန်မာ မိုးလေဝသ ဌာနများ သတိပေးချက်ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ မိုးလေဝသ ဌာနများက မိုးလေဝသ အထူးသတင်းများကို ထုတ်ပြန်ထားသည်။

အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် တိုက်ခတ်နေသည့် စူပါတိုင်ဖုန်း ဝီဖာသည် အင်အားပြင်းစွာဖြင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက်ရန် ရှိနေသည်။။ 

မုန်တိုင်းသည် တစ်နာရီ မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀) ခန်အထိ လေတိုက်နှုန်းပြင်းထန်နေသည်။ ၎င်းသည် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့သည့် နာဂစ် မုန်တိုင်း၏ အရှိန်အဟုန်ခန့်ရှိသည်။

ထိုမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အနောက်ပိုင်း ဒေသများနှင့် မြန်မာ တစ်နိုင်ငံလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမည့် အခြေအနေရှိသည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ဌာနများက ထုတ်ပြန်ထားသည်။

ဇူလိုင် ၂၅ ရက်အထိ မိုးပြင်းထန်နိုင်ပြီး ၂၂-၂၃ ရက်များတွင် အပြင်းထန်ဆုံး ဖြစ်မည်ဟု ဆိုသည်။ 

ဝီဖာမုန်တိုင်းသည် ကမ်းခြေကို ဝင်ရောက်လာသည့်အချိန်တွင် အားပျော့လာမည် ဖြစ်သော်လည်း အားပြင်းလွန်းသောကြောင့် အရှိန်ပြင်းပြင်း ဆက်ရှိနေအုံးမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နန်၊ ဖယောင်း အထက်ပိုင်း၊ ချင်းရိုင်း၊ လန်ပန်၊ ချင်းမိုင်နဲ့ မယ်ဟောင်ဆောင်များကို တဆင့်ပြီး တဆင့် ဗဟိုပြုပြီး ဖြတ်သွားမည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး မိုးကြီးနိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းများတွင် မိုးသွန်ချသကဲ့သို့ ရွာသွန်းနိုင်သည်ဟု ပြောသည်။ 

ထို့ကြောင့် တောင်ပေါ်ဒေသများတွင် တောင်ကျရေနှင့် မြေပြိုမှုများကို သတိထားရမည်ဖြစ်ပြီး မြစ်များ၊ ချောင်းများက ရေကြီးရေလျှံမှုများ ဖြစ်နိုင်သည်ဟု သတိပေးထားသည်။