ဖမ်းဆီးခံ နဘုလယ် ရွာသား ၄ ဦး ပြန်လွတ်၊ ၄ ဦးကျန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။ 

စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းခံရသူ နဘုလယ် ဒေသခံရွာသား ၈ ဦး အနက် ၄ ဦးကို ပြန်လည် လွတ်မြောက် လာပြီဟု နီးစပ်သူများက ပြောသည်။

ကျန်သည့် ၄ ဦးမှာ သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်း အချိန်အထိ ပြန်လည်လွတ်မြောက်လာကြခြင်း မရှိကြသေး ဘူးဟု ဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရေနက်ဆိပ်ကမ်း စစ်စခန်းသို့ ရောက်ရှိနေသည့် စစ်ကော်မရှင် တပ်ဖွဲ့က ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် နဘုလယ်ဒေသထဲက ပရဒတ်ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ ပြီးနောက် ရွာသားများကို တစ်ရွာဝင် တစ်ရွာထွက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ပရဒတ် ရွာသားတစ်ဦးက စစ်တပ်ထဲ ခေါ်ဆောင်တဲ့အချိန် မျက်နှာတွေ ပိတ်ပြီးမှ ခေါ် သွားတာလို့ လွတ်မြောက်လာတဲ့ သူတွေက ပြန်ပြော ပြတယ်။ တပ်ထဲရောက်တော့ ကြိုးနဲ့ရိုက်တယ်။ PDF တွေကို မြင်ဖူးတယ် မဟုတ်လားလို့ မေးတယ်။ သူတို့ စခန်းရှိတဲ့နေရာက ဘယ်နေရာမှာလဲ၊ သူတို့ ဘယ်လို သွားလာနေထိုင်ကြသလဲ ဆိုပြီးမေးတယ်။ ပြန်လွှတ်ပေးတော့လည်း မျက်နှာပိတ်သေးတယ်လို့ ပြောပြကြ တယ် ဟု ပြောသည်။

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသူများမှာ မယင်းကြီးရွာသား ၂ ဦးနှင့် ပရဒတ်ရွာသား ၆ ဦးတို့ ဖြစ်ပြီး မယင်း ကြီးရွာသား ၁ ဦး နှင့် ပရဒတ်ရွာသား ၃ ဦးတို့မှာ ဩဂုတ်လ ၄ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်က ပြန်လွတ်လာ သည်ဟု ဆိုသည်။

ပြန်လွှတ်လာသည့် ရွာသားများ၏ ပြောပြချက်အရ ရိုက်နှက် နှိပ်စက်ခံခဲ့ကြရသည်။ 

ထို့အပြင် ၎င်းတို့အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များနှင့် ဆက်စပ်မှု ရှိမရှိနှင့် PDF အဖွဲ့များ၏ လှုပ်ရှားသွား လာမှု အခြေအနေများကို မေးမြန်းစစ်ဆေးခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်တပ်မှ ဩဂုတ်လ ၂ ရက်နေ့တွင် နဘုလယ်ဒေသရှိ မယင်းကြီးနှင့် ပရဒတ်ကျေးရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ရွာသားများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထိုနေ့က ဖမ်းဆီးခံရသူ အရေအတွက်မှာ ရွာသား ၂၀ ခန့်ရှိသည်ဟု ဆိုကြသည်။

ဖမ်းဆီးခံရသူများအနက် သက်ကြီးပိုင်းနှင့် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ကာ ရွာသား ၈ ဦးကိုမူ ရေနက်ဆိပ် ကမ်းရှိ စစ်တပ်စခန်း နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဆက်လက် ဖမ်းဆီးခံထားရသည့် ရွာသား ၄ ဦးအတွက် ၎င်းတို့၏ မိသားစုဝင်များက စိုးရိမ်နေရသည်။