ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra အား ထောင်တွင် တစ်နှစ်နေရန် တရားရုံး အမိန့်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ဘီလီယံနာ သူဌေးကြီးလည်းဖြစ်သည့် တာ့က်ဆင် (Thaksin Shinawatra) ကို ထိုင်းနိုင်ငံ တရားရုံးချုပ်က ထောင်တွင် တစ်နှစ်နေရန် အမိန့်ချမှတ်ခဲ့သည်။
အမိန့်ချမှတ်မှုသည့် ယခင် အမှုဟောင်း၏ အဆက် ဖြစ်သည်။
ယခင် အမှုဟောင်းတွင် ဝန်ကြီးချုပ်ဟောင်း တာ့က်ဆင်ကို နှစ်ချီထောင်ဒဏ်များ ချမှတ်ခဲ့သော်လည်း ထောင်ထဲတွင် တစ်ရက်ပြည့်အောင် မနေရဘဲ ဆေးရုံသို့ ပြောင်းရွေ့နေထိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
တရားရုံးချုပ်က ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် တာ့က်ဆင် ရှင်နာဝပ်၏ ဆေးရုံသို့ ရွှေ့ပြောင်းနေထိုင်ခြင်း သည် ဥပဒေနှင့် မညီဟု ဆုံးဖြတ်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း တာက်ဆင်နှင့် မိသားစုများသည် တာ့က်ဆင် ပထမဆုံး ဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရသည့် ၂၀၀၁ ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံရေးတွင် လွှမ်းမိုးမှုများ ရှိနေခဲ့သည်။
ဝန်ကြီးချုပ် တာဝန်ယူနေစဉ် ၂၀၀၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး တာ့က်ဆင် သည် နိုင်ငံ ပြင်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၌ ထိုင်းနိုင်ငံသို့ ပြန်လာချိန်တွင် ယခင်က စွဲဆိုထားသော ခြစားမှုနှင့် အာဏာအလွဲသုံးစားမှုများ အတွက်ဟု ဆိုကာ ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရသည်။
တာ့က်ဆင်သည် ဆေးရုံတွင်သည် နေခဲ့ပြီး ထိုင်းဘုရင်ကို အသနားခံစာ တင်ခဲ့သောကြောင့် ၎င်း၏ ပြစ်မှုများကို ဘုရင်အမိန့်ဖြင့် ၁ နှစ်အထိ လျော့ချခဲ့ခြင်းလည်း ဖြစ်သည်။
ထိုစဉ်က တာ့က်ဆင်သည် ဆေးရုံတွင် ၆ လနေထိုင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရကာ အိမ်ပြန်ခွင့်ရခဲ့သည်။
ထိုင်းနိုင်ငံတွင် သမီးသူ ပေထုန်ထန် ရှင်နာဝပ်ကို တရားရုံးအမိန့်နှင့် တာဝန်မှ ရပ်ဆိုင်းခဲ့ပြီးနောက်တွင် တာ့က် ဆင်သည် စင်္ကာပူနိုင်ငံကို ဆေးကုသွားမည်ဟု ဆိုကာ ယခင်က နေထိုင်ခဲ့သည့် UAE နိုင်ငံသို့ ရောက်ရှိ သွားခဲ့ သည်။
လေယာဉ် ထွက်ချိန် နောက်ကျခဲ့ခြင်းကြောင့် ပုဂ္ဂလိက လေယာဉ် ရပ်နားချိန် ကျော်လွန်သွားသဖြင့် စင်္ကာပူနိုင်ငံ ကို မသွားရောက်နိုင်ခြင်း ဖြစ်သည်ဟု လူမှုမီဒီယာတွင် Thaksin က ရေးသားခဲ့သည်။
တနင်္လာနေ့တွင် ထိုင်းသို့ ကိုယ်ပိုင် ဂျက်လေယာဉ်နှင့် ပြန်လာခဲ့ပြီး ယနေ့တွင် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
တရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို ဘန်ကောက် ရမန်ထောင်တွင် တစ်နှစ်နေရမည် ဟု အမိန့်ချခဲ့ခြင်း ဖြစ်သည်။