ထိုင်းတွင် နိုင်ငံခြားဧည့်သည်တိုင်း ဘတ် ၃၀၀ အခွန်ပေးရတော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

နိုင်ငံခြားခရီးသွားများထံမှ ဝင်ကြေး ဘတ် ၃၀၀ ကောက်ခံမည့် စီမံချက်ကို ထိုင်းနိုင်ငံက မကြာခင် စတင်တော့ မည်။

အဆိုပါ အခွန်ကောက်ခံမှုမှာ နိုင်ငံခြား ခရီးသွားများထံမှ ကောက်ခံသွားမည်ဟု ပြောဆိုထုတ်ပြန်ထားသော ကြောင့် မြန်မာနိုင်ငံသား ခရီးသွားများလည်း အကျုံးဝင်မည် ဖြစ်သည်။

ဘတ် ၃၀၀ အခွန်ကောက်ခံမည့် ကိစ္စကို လေးလအတွင်း အပြီးသတ် အကောင်အထည် ဖော်နိုင်အောင် ရည်ရွယ် ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက အောက်တိုဘာ လဆန်းတွင် သတင်းဖော်ပြသည်။

ခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဝန်ကြီး Atthakorn Sirilatthayakorn က ခရီးသွားများအနေဖြင့် အဆိုပါအခွန် ကို ဝန်ထုပ်ဝန်ပိုးကဲ့သို့ မမြင်ကြရန်နှင့် မိမိတို့ (ခရီးသွားများ) ၏ ဘေးကင်းလုံခြုံရေး (အာမခံအတွက်) နှင့် ခရီးသွား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမှာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုထားသည်။

ထိုအစီအစဉ်မှာ ၂၀၂၅ ခုနှစ် အကုန် (သို့မဟုတ်) ၂၀၂၆ ခုနှစ် အစောပိုင်းတွင် စတင်နိုင်သည်ဟု ထိုင်းသတင်း များက ဆိုသည်။

ကုန်းလမ်းနှင့် ရေကြောင်းမှ ဝင်ရောက်လာသူများအတွက် ဘတ် ၁၅၀ မှ ဘတ် ၃၀၀ ကြား အခွန်ကောက် သွားမှာ ဖြစ်ပြီး ရက် ၃၀ မှ ရက် ၆၀ အတွင်း အကြိမ်များစွာ ဝင်ထွက်ခွင့်ပြုမည့် အစီအစဉ် ဖြစ်သည်ဟု Khaosod သတင်းက ဆိုသည်။

အလားတူ လေယာဉ်ဖြင့် ဝင်လာကြမည့် ဧည့်သည်များမှာမူ ဘတ် ၃၀၀ ပေးဆောင်ရမည် ဖြစ်သည်။

ထိုသို့ အခွန်ကောက်ခံရသည့် အကြောင်းအရင်းမှာ ခရီးသွားများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် မတော်တဆ ထိခိုက်မှု အာမခံအတွက် အသုံးပြုရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးပိုင်း၌ တိုးမြင့်သွားမည့် နေရာများ၌ အသုံးပြု ရည်ရွယ်သည်ဟု ဆိုသည်။

သို့သော် အလုပ်ပါမစ် ရှိသောသူ (Work Permit Holders)၊ ထိုင်းနိုင်ငံ တရားဝင် အလုပ်လုပ်နေသည့် သူများ၊

Transit ခရီးသည်များ၊ ထိုင်းနိုင်ငံကို ဖြတ်ပြီး တတိယနိုင်ငံကို ဆက်သွားမည့် ခရီးသည်များ၊ သံတမန် (သို့မ ဟုတ်) အထူးဗီဇာဖြင့် ဝင်ရောက်လာမည့်သူများနှင့် အသက် ၂ နှစ်အောက် ကလေးများက အခွန်ကင်းလွတ်ခွင့် ရမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ၂၀၂၄ ခုနှစ်က စတင်ပြီး ကောက်ခံရန် ရည်ရွယ်ခဲ့သော်လည်း၊ COVID-19 ကပ်ရောဂါနှင့် ထိုင်းနိုင်ငံတွင်း အစိုးရ အပြောင်းအလဲများကြောင့် ရွှေ့ဆိုင်းခဲ့ရသည်ဟု ထိုင်းသတင်းများက ဆိုသည်။