ပူတာအိုခရိုင်ရှိ စစ်စခန်း (၂) ခုကို KIA ထပ်မံသိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဘက်မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မဟာမိတ်တပ်ဖွဲ့တို့က စစ်ကောင်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့၏ ခံစစ်တပ်စခန်း (၂) ခုကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်သည်။

ခေါင်လန်ဖူးမြို့နယ်ရှိ တရုတ်နယ်စပ်အနီး စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပြီး မြေပြင်၌ နှစ်ဖက် ကြား ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

သိမ်းပိုက်ရရှိခဲ့သည့် စခန်းများမှာ အောက်တိုဘာလ ၂၇ ရက်နေ့က နမ့်ချိန်းကျေးရွာရှိ စခန်းနှင့် ၂၈ ရက်နေ့က ငဂျလ (Nga Ja La) ကျေးရွာရှိ စခန်းတို့ဖြစ်ကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြု ပြော ဆိုသည်။ 

အဆိုပါစခန်းများသည် လန်ဆယ်အထက်၊ မခေါင်ဒမ်းကျေးရွာနှင့် ရှိန်းခေါင်ကျေးရွာကြားတွင် တည်ရှိသည်။ 

မြေပြင် သတင်းအရင်းအမြစ် တစ်ဦးကအောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းအထိ အဲဒီရွာပတ်ဝန်းကျင်မှာ လိုက်လံရှင်းလင်းရေးနဲ့ တိုက်ပွဲတွေ ဆက် ဖြစ်ပွားနေဆဲ ဖြစ်တယ်ဟု ပြောသည်။

KIA ရှေ့တန်းအရာရှိ တစ်ဦး၏ ပြောကြားချက်အရ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ လက်နက်ခဲယမ်း အချို့ ကို သိမ်းဆည်းရမိခဲ့သည်။ 

အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းအထိ အဆိုပါကျေးရွာ ပတ်ဝန်းကျင်၌ လိုက်လံရှင်းလင်းရေးနှင့် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။