ထိုင်းနိုင်ငံတွင် ကာကွယ်ဆေးများ မတိုးနိုင်သော ဗီဇပြောင်းတုပ်ကွေးရောဂါ ကူးစက်ပြန့်နှံ့နေ၊ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။ 

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကာကွယ်ဆေးကို ပိုမိုခံနိုင်ရည်ရှိသည့် ဗီဇပြောင်းတုပ်ကွေးဗိုင်းရပ်စ် (A H3N2) ပြန့်နှံ့နေကြောင်း အဏုဇီဝဗေဒပညာရှင် ဒေါက်တာ ယုံ ဖုဝေါ်လဝမ်(န်)က သတိပေးလိုက်သည်။

ယခုဗိုင်းရပ်စ်သစ်သည် ကာကွယ်ဆေး၏ ထိရောက်မှုကို လျော့နည်းစေသော်လည်း ရောဂါလက္ခဏာမှာ ပြင်းထန်ဆိုးရွားခြင်းမရှိဘဲ ဗိုင်းရပ်စ်သောက်ဆေးများဖြင့် ကုသနိုင်ဆဲဖြစ်သည်။

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ တုပ်ကွေးလူနာ တစ်သန်းကျော်အထိ ရှိခဲ့ပြီး စံချိန်တင် အများဆုံးဖြစ်ခဲ့သည်။ 

ပြည်သူများအနေဖြင့် ကာကွယ်ဆေး၏ ထိရောက်မှု အနည်းငယ် လျော့ကျသော်လည်း ရောဂါပြင်းထန်မှုကို ကာကွယ်နိုင်ရန်အတွက် ဆက်လက်ထိုးနှံကြရန် တိုက်တွန်းထားသည်။

#Thailand #ThaiFlu