အီစတာ အကြို ပွဲတော်များ ကျင်းပ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်။ 

လာမည့်တနင်္ဂနွေနေ့တွင် ကျရောက်မည့် အီစတာပွဲတော် (Easter Sunday) အကြိုကာလအဖြစ် ကမ္ဘာ့ဒေသအသီးသီးတွင် ဝတ်ပြုပွဲများ ကျင်းပလျက်ရှိသည်။

ဗြိတိသျှဘုရင် တတိယမြောက် ချားလ်စ် (Charles III) နှင့် မိဖုရား ကမ္မီလာ (Camilla) တို့သည် ဝေလနယ်မြောက်ပိုင်းရှိ စိန့်အဆက်ပ် ကက်သီဒရယ် (St Asaph Cathedral) တွင် ကျင်းပသော မန္ဒီဝတ်ပြုပွဲ (Maundy Service) သို့ တက်ရောက်ခဲ့သည်။ 

ဤပွဲတော်မှာ နှစ်ပေါင်း ၈၀၀ အတွင်း ဝေလနယ်၌ ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ 

ဗြိတိသျှ ဘုရင်ကြီးက ၎င်း၏အသက် ၇၇ နှစ်နှင့်အညီ ထူးချွန်သော အမျိုးသား ၇၇ ဦးနှင့် အမျိုးသမီး ၇၇ ဦးတို့ကို အထူးထုတ်လုပ်ထားသည့် ငွေစင်ဒင်္ဂါးပြားများ လက်ဆောင်ပေးအပ်ကာ ဂုဏ်ပြုခဲ့သည်။

အယ်လ်ဆာဗေးဒိုးနိုင်ငံတွင်မူ ရှေးဟောင်းရိုးရာပွဲတော်တစ်ခုကို ကျင်းပခဲ့ကြသည်။ 

နတ်ဆိုးသဏ္ဌာန် ဝတ်ဆင်ထားသူများက ဘာသာဝင်များကို ရိုက်နှက်ခြင်းဖြင့် တစ်နှစ်တာအတွင်း ကျူးလွန်ခဲ့သော အပြစ်များကို ဖြေဖျောက်သည့် ယုံကြည်မှုကို ဖော်ထုတ်ခဲ့ကြသည်။ 

အခမ်းအနားအဆုံးတွင် ယေရှုခရစ်တော်အသွင် ဝတ်ဆင်ထားသူက နတ်ဆိုးများကို အောင်နိုင်သည့် အထိမ်းအမှတ်ဖြင့် ပွဲတော်ကို ရုပ်သိမ်းခဲ့သည်။