AA တပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေတယ် ဆိုတဲ့ သတင်းမှား ဖြန့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတာ များလာတဲ့အတွက် ထွက်ပြေးတဲ့သူတွေကို သတ်ပစ်တဲ့အထိ ပြင်းထန်စွာ အရေးယူနေတယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို May Yu Htar Nay ဆိုတဲ့ Facebook စာမျက်နှာ က နိုဝင်ဘာလ ၅ ရက်နေ့မှာ တင်ထားပါတယ်။
“AA အဖွဲ့ဝင်များ ထွက်ပြေးမှုများနေလို့ အရေးယူမှု ပြင်းထန်စွာ အရေးယူလျက်ရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ May Yu Htar Nay ဆိုတဲ့ Facebook စာမျက်နှာ က ရေးသားထားတာ ဖြစ်ပါတယ်။
May Yu Htar Nay ဆိုတဲ့ Facebook စာမျက်နှာ က “AA အဖွဲ့ဝင်များအနေဖြင့် ကျောက်တော်၊ ရသေ့တောင်၊ ဘူး သီးတောင်၊ မောင်တော ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများမှာ တိုက်ပွဲကာလရှည်ကြာလာပြီး ပင်ပန်းဆင်းရဲမှု ဒဏ်ကြောင့် ထွက်ပြေးမှုများပြားလာကြောင်း အတွင်းသတင်းများပေါက်ကြားလျက်ရှိသည်။ နေ့စဉ် ထွက်ပြေး နေသည့်အပြင် လက်နက်များပါ ယူဆောင်သွားတဲ့အတွက် အချင်းချင်း ယုံကြည်မှုကင်းမဲ့နေပြီး အထက်မှလည်း တာဝန်ရှိသူကို ဖိအားပေးမှုကြောင့် တပ်ဖွဲ့အတွင်း ယုံကြည်မှု၊ ရင်းနှီးမှုများ ပျောက်ဆုံးလျက် ရှိကြောင်း သိရှိရ သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရုံးချုပ်က AA အဖွဲ့များထွက်ပြေးပါက ပြင်းထန်စွာ အရေးယူရန်နှင့် ဆက်လက်ခန့်ထားဖို့အတွက် ယုံကြည်ရန်အကြောင်း မရှိပါက အပြီးရှင်းလင်းရန်ဟု ခေါင်းဆောင်များကို တိုက် ရိုက်ညွှန်ကြားလာတာရှိကြောင်း ဘူးသီးတောင်/မောင်တောစစ်ဒေသနှင့် နီးစပ်သူများထံက သိရှိရသည်” ဆိုပြီး
(မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။
ဒါ့အပြင် ဘူးသီးတောင်လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကို AA အဖွဲ့ဝင်အဖြစ် စွပ်စွဲ ထား တဲ့အပြင် AA တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတာနဲ့ ပတ်သက်ပြီး ဦးအောင်သောင်းရွှေရဲ့ ဖြေကြားချက်ဆိုပြီး တော့ လည်း ထည့်သွင်းထားပါတယ်။
အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်တပ်ထဲကနေ ထွက်ပြေးတာ များလာတာကို AA တပ်ဖွဲ့ဝင်တွေ ထွက်ပြေးပါတယ်ဆိုပြီး လုပ်ကြံဖန်တီး ရေး သားထားလို့ပဲ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အပြင် စစ်ကောင် စီတပ်ဖွဲ့ဝင်တွေဟာလည်း တပ်ထဲကနေ ထွက်ပြေးပြီး AA ဖက်ကို ခိုလှုံလာတဲ့သူတွေ များလာတယ်လို့ ဒေသခံ တွေနဲ့ AA ပြောရေးဆိုခွင့်ရှိသူ က ပြောဆိုထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အခြေစိုက် ရခိုင်သတင်းဌာနတွေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ဒေသခံ တွေ နဲ့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းပြီး ရေးသား ထုတ်လွှင့်ထားတဲ့ သတင်းတွေကို ကြည့်မယ် ဆိုရင်လည်း AA တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတယ်ဆိုတာကို မတွေ့ရပဲ စစ်ကောင်စီတပ်ကသာ ထွက်ပြေးလာကြ တယ်လို့ ရေးသားထားကြတာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာတဲ့ အကြောင်းကို ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္စရာ သတင်းဌာနက ရေး သားထားတဲ့ သတင်းကို ဒီမှာ ဝင်ကြည့်လို့သလို Myanmar Now က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ ဝင်ကြည့်လို့ရပါတယ်။
ဒါ့အပြင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတယ်ဆိုတဲ့ သတင်းကို သတင်းအမှားဖြန့်ဝေသူတွေက အခုမှ ဖြန့်ဝေနေကြတာ မဟုတ်ပဲ အရင်ကတည်းက ဖြန့်ဝေနေကြတာပါ။ ခိုနူမ်းသုန် သတင်းဌာနက စက်တင် ဘာလ တုန်းက စိစစ်ထားတဲ့ သတင်းကို ဒီမှာ ဝင်ကြည့်လို့ရပါတယ်။
ဒါကြောင့် အချက်အလက်တွေကို စိစစ်ကြည့်လိုက်တဲ့အခါမှာ May Yu Htar Nay Facebook စာမျက်နှာရဲ့ ရေး သားချက်ဟာ မြေပြင်က ဖြစ်ရပ်မှန်တွေနဲ့ သွေဖယ်ပြီး လိမ်ညာဝါ ဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ဖန် တီး ရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။
လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုး တမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေကြ ပါ တယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာ နတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။