စစ်ကောင်စီ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် တစ်နှစ်အတွင်း လူ ၁၄၀၀ ကျော် သေဆုံး

စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် ၂၀၂၃ ခုနှစ် အတွင်း အရပ်သားပြည်သူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်ပါတယ်။