ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ပြည်သူ ၈ ဦး ဒဏ်ရာရ

ယာယီအပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ထားပေမဲ့လည်း စစ်ကောင်စီက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲရှိ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးအပါအဝင် ပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။