AA ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် အရပ်ဘက်အဖွဲ့ ၂၀၂ ဖွဲ့ တောင်းဆို
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက်။
အာရက္ခတပ်တော် (ULA/AA) ကို ရခိုင်ပြည်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရန်အတွက် အရပ်ဘက်အဖွဲ့အစည်း ၂၀၂ ဖွဲ့ကျော်က ကုလသမဂ္ဂနှင့် နိုင်ငံတကာ သံအမတ်များကို တောင်းဆိုလိုက်သည်။
ရခိုင် – အမေရိကန် အသိုက်အဝန်း (AAC) အပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့ ၂၀၂ ဖွဲ့က စက်တင်ဘာ ၂၉ ရက်နေ့တွင် ဤတောင်းဆိုချက်ပါ အိတ်ဖွင့်ပေးစာကို ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
AA သည် ရခိုင်ပြည်၏ ၉၃ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးရေးစသည့် ယန္တရားများအ ားလုံးကို လက်တွေ့ အကောင်အထည် ဖော်နေသည် ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတို့မှ လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်နှင့် လူသားချင်း စာနာမှု အကူအညီများ ပေးနိုင်ရန်အတွက် AA ကို လက်တွေ့အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။
အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂအပြင် အမေရိကန်၊ EU နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ပေးပို့ခဲ့သည်။