အရေးပေါ် ဆေးကုသခွင့် ကြန့်ကြာသဖြင့် ၈၈ မျိုးဆက် နိုင်ကျဉ်းတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို ထောင်အာဏာပိုင်များ ထံ အဆင့်ဆင့် တင်ပြနေရသဖြင့် အချိန်ကြန့်ကြာခဲ့ရာမှ နှလုံးရောဂါအခံရှိသည့် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်း သားတစ်သီး ကျဆုံးသွားခဲ့သည်။

အရေးပေါ် ဆေးကုသခွင့် ကြန့်ကြာနေသဖြင့် ကျဆုံးသွညးသည့် နိုင်ငံရေး အကျဉ်းသားမှာ ဦးစိုးမိုးနိုင် (ခ) စိုးနိုင် (ခ) ဒိန်းဒေါင် ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုသည်။

နှလုံးသွေးကြောကျဉ်ရောဂါအခံ ရှိသူ ဦးစိုးမိုးနိုင်သည် စက်တင်ဘာလ ၁၅ ရက်နေ့၊ ည ၁၀ နာရီ အချိန်ခန့်တွင် ရုတ်တရက် အမောဖောက်လာသဖြင့် ဆေးကုသခွင့် တောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက အဆင့် ဆင့် စိစစ်တင်ပြနေ၍ ပြင်ပဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း ဆိုသည်။

PPNM ပြောရေးဆိုခွင့်ရှိသူ မရောင်နီလင်းက ေးကုသခွင့် မရတာတော့ မဟုတ်ဘူး၊ ဆေးကုသခွင့် ရတယ်။ အရင်ကတည်းကကိုက နှလုံးဆေး သောက်နေရတဲ့သူ ဖြစ်ပါတယ်။ ရုတ်တရက် ဒီနှလုံးဖောက်လာတဲ့ အချိန်မှာ ချက်ချင်းပေါ့နော် အပြင်ဆေးရုံကို ပို့ရမယ်ပေါ့လေ။ အဲဒီအချိန်မှာ ချက်ချင်းပို့တာမျိုး မရှိဘဲနဲ့ အချိန်ကြန့် ကြာ သွားတာကြောင့်မို့လို့ ဒီလိုမျိုးပေါ့နော် မသေဆုံးသင့်ဘဲနဲ့ သေဆုံးရတာ ဖြစ်ပါတယ် ဟု ပြောသည်။

မြင်းခြံဆေးရုံ မှတ်တမ်းများအရ ၎င်းသည် စက်တင်ဘာလ ၁၅ ရက်နေ့၊ ည ၁၁ နာရီခွဲ အချိန်ခန့်တွင် ဆေးရုံ၌ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မရောင်နီလင်းက “လုပ်ငန်းအဆင့်ဆင့်ကို ပြောရမယ်ဆိုရင် ထောင်တွင်း ဆေး ကုသမှုမှာ ဆိုရင်လည်း သက်ဆိုင်ရာ ဝန်ထမ်း၊ ဝန်ထမ်းကနေမှ အဆောင်မှူး၊ အဆောင်မှူးကနေမှ ထောင်ပိုင်ဆို ပြီး တင်ပြရတယ်။ ဒါဟာ ထောင်တွင်း ဆေးကုသမှုပဲ ရှိသေးတယ်။ ပြင်ပဆေးရုံကို တင်ပြရတယ် ဆိုရင်တော့ အဲဒီထက်ပိုတဲ့ အဆင့်ဆင့် ရှိလာလိမ့်မယ်။ ဒါကြောင့်မလို့ အရေးပေါ်လူနာတွေအတွက် တင်ပြရတဲ့ အချိန်ကြာ မြင့်မှုအပေါ်မှာ မူတည်ပြီးတော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်” ဟု ဆက်ပြောသည်။

ထို့သို့ သေဆုံးခဲ့ပြီးနောက် နောက်တစ်နေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ထောင်အာဏာပိုင်များက မိသားစုထံ အကြောင်းကြားခဲ့သော်လည်း ရုပ်အလောင်းအား လိုက်ပါပို့ဆောင်ခွင့် မပြုဘဲ ထောင်လုပ်ထုံး လုပ်နည်းအရ ထိုနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မြင်းခြံသုသာန်၌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။

ကျဆုံးသွားသူ ဦးစိုးမိုးနိုင်သည် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်သည့်အပြင် ၂၀၀၇ ရွှေဝါရောင် အရေးအခင်းနှင့် ၂၀၂၁ အာဏာသိမ်းမှု ဆန့်ကျင်ရေးတို့တွင် လှုပ်ရှားခဲ့သူ ဖြစ်သည်။

၎င်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ – က၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ၁၉ – က တို့ဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ထားခြင်းဖြစ်သည်ဟု PPNM က ထုတ်ပြန်သည်။

ဓါတ်ပုံ – PPNM