လက်ကျန်ဒေသများအားလုံး ဆက်လက်သိမ်းပိုက်မည်ဟု AA အသိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
ရခိုင်ပြည်အတွင်း သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို ဆက်လက် သိမ်းပိုက်ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခ တပ်တော် (ULA/AA) က တကျော့ပြန်တိုက်ပွဲ ၃ နှစ်ပြည့်သည့် နိုဝင်ဘာ ၁၃ ရက်တွင် အသိပေးထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ခဲ့သည့် တကျော့ပြန်တိုက်ပွဲ ကာလအတွင်း အာရက္ခဒေသရှိ မြို့များကို တစ်မြို့ပြီးတစ်မြို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သကဲ့သို့ ကျန်ရှိနေသည့် နယ်မြေများကိုလည်း စစ်အုပ်စုတပ်ထံမှ တိုက်ခိုက်ရယူကာ ပြည်သူများလက်ထဲသို့ မကြာမီ ပေးအပ်သွားမည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ပြည်နယ်မြို့တော် စစ်တွေမြို့အနီးရှိ ကျားမသောက်ကျေးရွာအထိ တိုက်ပွဲများ နီးကပ်ရောက်ရှိနေ ပြီး စစ်တွေမြို့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
“အမှတ် ၁၇ ကုတင်တရာ ဆေးရုံအထိ အေအေ ထိုးစစ်ရောက်လာတယ်။ လွတ်တော်ကိုလည်း ပြောင်းရမယ်ဆို တဲ့ သတင်းတွေလည်း ရှိတယ်။ စစ်တွေအနီး ငပြီကျွန်းမှာတော့ ဒေသခံပြည်သူ မရှိတော့ဘူး။ တိုက်သူ နှစ်ဘက် ပဲရှိတော့တယ်။ အပြင်းအထန်ဖြစ်နေတယ်။ အမြင့်ကျွန်းကတော့ နေကျော်လာတဲ့ စစ်တပ် စစ်ကြောင်းတွေက တော့ ကွန်းတောင်ဘက်ကို ရောက်လာတယ်။ စစ်တပ်က မင်းကျောင်းတံတားဘက် ကျော်လာတဲ့သဘော ကွမ်းတောင်ကိုတော့ အေအေ လက်မလွတ်ဘူး။ ကွမ်းတောင်က ရသေ့တောင်လမ်းဆုံအထိ အဓိကကျတယ်။ အဆုံးအဖြတ်မရသေး နှစ်ဘက်တိုက်ပွဲပြင်းနေတယ်” ဟု ၎င်းက ပြောသည်။
ထို့အတူ ကျောက်ဖြူမြို့နယ်အတွင်းရှိ မင်းပြင်၊ သိုင်းချောင်းနှင့် တောင်မော်ဦး ရေတပ်စခန်းအနီးတို့တွင်လည်း စစ်အုပ်စုတပ်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စနဲ-ကျောက်ဖြူ လမ်းပိုင်းကို AA က ထိန်းချုပ် ထားသည်။
လက်ရှိ မြို့သိမ်းတိုက်ပွဲ အလားအလာများနှင့် ပတ်သက်၍ ဒေသတွင်း စစ်ရေးသုံးသပ်သူတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။
“အခုမြို့သုံးမြို့ပဲ အေအေသိမ်းဖို့ကျန်တော့တယ်၊ အသက်စွန့်ခဲ့တဲ့ အရက္ခ စစ်သားတွေကို အမြဲအမှတ်ရ ကြ တယ်။ ပုဏ္ဏားကျွန်း နယ်စပ်တိုက်ပွဲတွေ ကျောက်ဖြူတိုက်ပွဲတွေက မြို့သိမ်းဖို့ ပိုအားထုတ်လာတာ တွေ့ရ တယ်။ မာန်အောင်ကတော့ ကျောက်ဖြူရရင်လွယ်သွားမယ်” ဟု ပြောသည်။
တကျော့ပြန်တိုက်ပွဲ ၃ နှစ်တာ ကာလအတွင်း အသက်၊ သွေး၊ ချွေးနှင့် စည်းစိမ်များ ပေးဆပ်ကာ ရက္ခိတလမ်း စဉ် အထမြောက်စေရန် ရပ်တည်ပေးခဲ့ကြသည့် ကမ္ဘာအရပ်ရပ်မှ အာရက္ခမိဘပြည်သူများ၊ စစ်သည် စစ်မယ် များနှင့် ပြည်သူ့ဝန်ထမ်းများအားလုံးကို ULA/AA က အထူးအလေးအနက် ဦးညွှတ်ဂုဏ်ပြုကြောင်း ထုတ်ပြန် ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ပုံစာ – အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ – ပုံဟောင်း / (ဓာတ်ပုံ – AA Info Desk)
#AA #ULA