ICJ မှာ ရင်ဆိုင်ဖြေရှင်းမှုသည် အစိုးရမှ တာဝန်ယူ၊ တာဝန်ခံမှုကို ပြခြင်းဟု ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်။ ဒီဇင်ဘာလ ၂ ရက်နေ့။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားရင်ဆိုင်ဖြေရှင်းရန်အတွက် အစိုးရ နှင့် တပ်မတော် ပူးပေါင်း လုပ်ဆောင်ခြင်းသည် အစိုးရမှ တာဝန်ယူ တာဝန်ခံ မှုကို ပြသခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ပြောဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ယနေ့ စတင်ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်း တွင် PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းရေးအတွက် အစိုးရနဲ့ တပ်မတော် ပူးပေါင်း လုပ်ဆောင်မယ်ဆိုတာဟာ ဒီကိစ္စ ကို အစိုးရက တာဝန်ယူတယ်၊ တာဝန်ခံတယ်ဆိုတာကို ပြသခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သက်သေအထောက်အထား ခိုင်လုံမှု ဘယ်လောက်အထိရှိတယ်ဆိုတာကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်။”

ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကျင်းပမည့် အစည်းအဝေးတွင် JICM အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စ၊ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ PPST စုဖွဲ့မှု နှင့် ပတ်သက်သော လုပ်ငန်းလမ်းညွန်များ ဆွေးနွေးအတည်ပြုရေးကိစ္စ နှင့် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံတကာ ရေးရာ ကိစ္စ များ အပါအဝင် ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်ရေး ကိစ္စ များကို ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ အစည်းအဝေး အဖွင့်မိန့်ခွန်း နိဂုံးချုပ်တွင်မူ “ NCA လမ်းကြောင်းအရ ဆောင်ရွက်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ အဆင့်ဆင့် နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ NCA ပြဌာန်းချက်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်သလို လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာတွေကို ချင့်ချိန်ပြီး လုပ်ဆောင်သင့်ပါကြောင်းနဲ့ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။” ဟု ထည့်သွင်း ပြောဆိုသွားသည်။
ယနေ့ စတင်ကျင်းပသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် NCA အပစ်ရပ် EAOs ၁၀ ဖွဲ့မှ ခေါင်းဆောင် ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ဆွေးနွေးနေသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

Zaw Gyi

ICJ မွာ ရင္ဆိုင္ေျဖရွင္းမွဳသည္ အစိုးရမွ တာ၀န္ယူ၊ တာ၀န္ခံမွဳကို ျပျခင္းဟု ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္။ ဒီဇင္ဘာလ ၂ ရက္ေန႕။

အျပည္ျပည္ဆိုင္ရာ တရားရံုး ICJ မွာ တရားရင္ဆိုင္ေျဖရွင္းရန္အတြက္ အစိုးရ ႏွင့္ တပ္မေတာ္ ပူးေပါင္း လုပ္ေဆာင္ျခင္းသည္ အစိုးရမွ တာ၀န္ယူ တာ၀န္ခံ မွဳကို ျပသျခင္းျဖစ္သည္ဟု ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ မွ ေျပာဆိုသည္။

ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ယေန႕ စတင္က်င္းပသည့္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မွဳ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ ၁၀ ဖြဲ႕၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္းအေ၀း အဖြင့္မိန္႕ခြန္း တြင္ PPST ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ မွ ေျပာဆိုလိုက္ျခင္းျဖစ္သည္။

“အျပည္ျပည္ဆိုင္ရာ တရားရံုး ICJ မွာ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံရဲ႕ တရားစြဲဆိုျခင္းအား ရင္ဆိုင္ေျဖရွင္းေရးအတြက္ အစိုးရနဲ႕ တပ္မေတာ္ ပူးေပါင္း လုပ္ေဆာင္မယ္ဆိုတာဟာ ဒီကိစၥ ကို အစိုးရက တာ၀န္ယူတယ္၊ တာ၀န္ခံတယ္ဆိုတာကို ျပသျခင္းပဲ ျဖစ္ပါတယ္။ တစ္ဖက္က သက္ေသအေထာက္အထား ခိုင္လံုမွဳ ဘယ္ေလာက္အထိရွိတယ္ဆိုတာကိုလည္း ထည့္တြက္ဖို႕ လိုအပ္ပါတယ္။”

ဒီဇင္ဘာလ ၄ ရက္ေန႕အထိ က်င္းပမည့္ အစည္းအေ၀းတြင္ JICM အစည္းအေ၀း က်င္းပႏိုင္ေရး ကိစၥ၊ NCA အပစ္ရပ္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ PPST စုဖြဲ႕မွဳ ႏွင့္ ပတ္သက္ေသာ လုပ္ငန္းလမ္းၫြန္မ်ား ေဆြးေႏြးအတည္ျပဳေရးကိစၥ ႏွင့္ လက္ရွိ ျဖစ္ေပၚေနသည့္ ႏိုင္ငံတကာ ေရးရာ ကိစၥ မ်ား အပါအ၀င္ ၿငိမ္းခ်မ္းေရး ေရွ႕ဆက္သြားႏိုင္ေရး ကိစၥ မ်ားကို ေဆြးေႏြးသြားရန္ ရွိသည္ဟု သိရသည္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ၏ အစည္းအေ၀း အဖြင့္မိန္႕ခြန္း နိဂံုးခ်ဳပ္တြင္မူ “ NCA လမ္းေၾကာင္းအရ ေဆာင္ရြက္ေနတဲ့ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ား အဆင့္ဆင့္ နဲ႕ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္တဲ့ေနရာမွာ NCA ျပဌာန္းခ်က္အတိုင္း တေသြမတိမ္း လိုက္နာေဆာင္ရြက္ဖို႕ လိုအပ္သလို လက္ရွိ ႏိုင္ငံေရး အေျခအေနေတြနဲ႕ ပတ္သက္လို႕ ျဖစ္ခ်င္တာ၊ ျဖစ္သင့္တာ၊ ျဖစ္ႏိုင္တာေတြကို ခ်င့္ခ်ိန္ၿပီး လုပ္ေဆာင္သင့္ပါေၾကာင္းနဲ႕ ႏိုင္ငံေရး ျပသနာေတြကို ႏိုင္ငံေရး နည္းလမ္းနဲ႕သာ ေျဖရွင္းႏိုင္မွာ ျဖစ္ပါေၾကာင္း ေျပာၾကားရင္း နိဂံုးခ်ဳပ္ပါတယ္။” ဟု ထည့္သြင္း ေျပာဆိုသြားသည္။
ယေန႕ စတင္က်င္းပသည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္းအေ၀းတြင္ NCA အပစ္ရပ္ EAOs ၁၀ ဖြဲ႕မွ ေခါင္းေဆာင္ ကိုယ္စားလွယ္ ၆၀ ေက်ာ္ တက္ေရာက္ေဆြးေႏြးေနသည္။

NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္း အ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။