စစ်တပ်ပိုင် ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ်မှောက်ရန် NUG ထုတ်ပြန်တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။
စစ်တပ်ပိုင် ကုမ္ပဏီစုများနှင့် ဆက်စပ်လုပ်ငန်းများကို အမည်ပျက်စာရင်း သွင်းလိုက်ပြီး ၎င်းတို့မှ ထုတ်လုပ်သည့် ထုတ်ကုန်များကို သပိတ်မှောက်ကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန် ကြေညာသည်။
စစ်တပ်၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ဆက် စပ်သည့် စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက် စာရင်း ထည့်သွင်းလိုက်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ပြောသည်။
နိုဝင်ဘာလ ၁၀ ရက် (ယနေ့)တွင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG စီးပွားရေးနှင့် ကူးသန်းရေး ရောင်းဝယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ် ခင်မမမျိုးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။
NUG က “နိုင်ငံတော် ပုန်ကန်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် အကြမ်းဖက် စစ်တပ်၏ စီးပွားရေး လုပ်ငန်းများဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တိုနှင့် ဆက်စပ်စီးပွားရေး လုပ်ငန်းများအား အကြမ်းဖက်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည် ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ပြောသည်။
စစ်အုပ်စု၏ စီးပွားရေး အင်ပါယာသည် စျေးကွက်နယ်ပယ်စုံ၌ ထိုးဖောက်နေရာယူကာ စီးပွားရေး အကျိုးအ မြတ်များစွာ နှစ်စဉ် ရရှိနေပြီး နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုခြင်း၊ မလျော်ဩဇာဖြင့် စစ်တပ်၏ လုပ်ပိုင် ခွင့်နှင့် အင်အားကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်လျက်ရှိကြောင်းကို စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးရုံးမှ စီစစ်တွေ့ရှိရသည် ဟု NUG ဆိုသည်။
ထို့ကြောင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ပတ် သက်သည့် ကုန်ပစ္စည်းမှန်သမျှကို အသုံးမပြုကြရန် NUG က ပြည်သူများကို တောင်းဆိုထားသည်။
“သို့ဖြစ်ရာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့၏ ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သို လှောင်ဖြန့်ဖြူးရောင်းချခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် အဆိုပါလုပ်ရပ်များကို စစ်ရာဇဝတ်မှု ကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်ဖြစ်သည်” ဟု NUG ၏ ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုန်းရေးနှင့် ကာလရှည်ကြာ စိုးမိုးမှု မရှိစေရေးအတွက် စစ် အာဏာရှင်များ၏ စီးပွားရေး လုပ်ငန်းများနှင့် ဝင်ငွေရလမ်းများအား ပိတ်ဆို့ အရေးယူ ဖြတ်တောက်ခြင်းသည် အလွန်အရေးပါသည့် လုပ်ငန်းစဥ်တစ်ရပ်ဖြစ်ပါသည်ဟု NUG က ပြောသည်။
ထိုအနေအထားများကြောင့် NUG အနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ထောက်ပံ့ပေးနေသည့် စစ်တပ်၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ဆက် စပ်နေသည့် စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက် စာရင်း ထည့်သွင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
*** ZAWGYI ***
စစ္တပ္ပိုင္ ကုမၸဏီမ်ား၏ ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ရန္ NUG ထုတ္ျပန္တိုက္တြန္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္။
စစ္တပ္ပိုင္ ကုမၸဏီစုမ်ားႏွင့္ ဆက္စပ္လုပ္ငန္းမ်ားကို အမည္ပ်က္စာရင္း သြင္းလိုက္ၿပီး ၎တို႔မွ ထုတ္လုပ္သည့္ ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ၾကရန္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (NUG) က ထုတ္ျပန္ ေၾကညာသည္။
စစ္တပ္၏ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL)၊ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) တို႔ႏွင့္ ဆက္ စပ္သည့္ စီးပြားေရးလုပ္ငန္းမ်ားကို အၾကမ္းဖက္စီးပြားေရး လုပ္ငန္းမ်ားအျဖစ္ သတ္မွတ္ၿပီး အမည္ပ်က္ စာရင္း ထည့္သြင္းလိုက္သည္ဟု အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က ေျပာသည္။
ႏိုဝင္ဘာလ ၁၀ ရက္ (ယေန႔)တြင္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG စီးပြားေရးႏွင့္ ကူးသန္းေရး ေရာင္းဝယ္ ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚ ခင္မမမ်ိဳးက လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ ျခင္းျဖစ္သည္။
NUG က “ႏိုင္ငံေတာ္ ပုန္ကန္မႈႏွင့္ စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္ထားသည့္ အၾကမ္းဖက္ စစ္တပ္၏ စီးပြားေရး လုပ္ငန္းမ်ားျဖစ္ေသာ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) ႏွင့္ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) တိုႏွင့္ ဆက္စပ္စီးပြားေရး လုပ္ငန္းမ်ားအား အၾကမ္းဖက္စီးပြားေရး လုပ္ငန္းမ်ားအျဖစ္ သတ္မွတ္ၿပီး အမည္ ပ်က္စာရင္းသြင္းေၾကာင္း ထုတ္ျပန္ေၾကညာအပ္ပါသည္” ဟု ေျပာသည္။
စစ္အုပ္စု၏ စီးပြားေရး အင္ပါယာသည္ ေစ်းကြက္နယ္ပယ္စုံ၌ ထိုးေဖာက္ေနရာယူကာ စီးပြားေရး အက်ိဳးအ ျမတ္မ်ားစြာ ႏွစ္စဥ္ ရရွိေနၿပီး ႏိုင္ငံေတာ္ပုန္ကန္မႈကို ေထာက္ကူျပဳျခင္း၊ မေလ်ာ္ဩဇာျဖင့္ စစ္တပ္၏ လုပ္ပိုင္ ခြင့္ႏွင့္ အင္အားကို အသုံးျပဳကာ စီးပြားေရးလုပ္ငန္းမ်ားစြာကို လုပ္ေဆာင္လ်က္ရွိေၾကာင္းကို စီးပြားေရးႏွင့္ ကူး သန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ စီးပြားေရးဆိုင္ရာ ေထာက္လွမ္းေရး ၫႊန္ၾကားေရး႐ုံးမွ စီစစ္ေတြ႕ရွိရသည္ ဟု NUG ဆိုသည္။
ထို႔ေၾကာင့္ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) ႏွင့္ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) တို႔ႏွင့္ ပတ္ သက္သည့္ ကုန္ပစၥည္းမွန္သမွ်ကို အသုံးမျပဳၾကရန္ NUG က ျပည္သူမ်ားကို ေတာင္းဆိုထားသည္။
“သို႔ျဖစ္ရာ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) ႏွင့္ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) တို႔၏ ဆက္စပ္ထုတ္ကုန္ပစၥည္းမ်ား၊ ဝန္ေဆာင္မႈမ်ားအား ဝယ္ယူသုံးစြဲျခင္း၊ ေရာင္းဝယ္ေဖာက္ကားျခင္း၊ သို ေလွာင္ျဖန႔္ျဖဴးေရာင္းခ်ျခင္း အလ်ဥ္းမျပဳလုပ္ၾကရန္ႏွင့္ အဆိုပါလုပ္ရပ္မ်ားကို စစ္ရာဇဝတ္မႈ က်ဴးလြန္ရန္ ေထာက္ခံအားေပးေသာ လုပ္ရပ္မ်ားအျဖစ္ သတ္မွတ္အေရးယူသြားမည္ျဖစ္သည္” ဟု NUG ၏ ထုတ္ျပန္ ခ်က္ထဲတြင္ ထည့္သြင္းထားသည္။
ျမန္မာႏိုင္ငံတြင္ စစ္အာဏာရွင္စနစ္ အလုံးစုံပ်က္သုန္းေရးႏွင့္ ကာလရွည္ၾကာ စိုးမိုးမႈ မရွိေစေရးအတြက္ စစ္ အာဏာရွင္မ်ား၏ စီးပြားေရး လုပ္ငန္းမ်ားႏွင့္ ဝင္ေငြရလမ္းမ်ားအား ပိတ္ဆို႔ အေရးယူ ျဖတ္ေတာက္ျခင္းသည္ အလြန္အေရးပါသည့္ လုပ္ငန္းစဥ္တစ္ရပ္ျဖစ္ပါသည္ဟု NUG က ေျပာသည္။
ထိုအေနအထားမ်ားေၾကာင့္ NUG အေနျဖင့္ စစ္အာဏာရွင္စနစ္ သက္ဆိုးရွည္ေအာင္ ေထာက္ပံ့ေပးေနသည့္ စစ္တပ္၏ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) ႏွင့္ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) တို႔ႏွင့္ ဆက္ စပ္ေနသည့္ စီးပြားေရးလုပ္ငန္းမ်ားကို အၾကမ္းဖက္စီးပြားေရး လုပ္ငန္းမ်ားအျဖစ္ သတ္မွတ္ၿပီး အမည္ပ်က္ စာရင္း ထည့္သြင္းလိုက္ျခင္းျဖစ္သည္ဟု ဆိုသည္။