ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ယနေ့ နံနက်တွင် ပစ်သတ်ခံလိုက်ရသည်ဟု ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီထံမှ သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးဆန်းထွန်းဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံရှေ့ တွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဘီးလင်းဒေသခံတစ်ဦးက “တိုက်နယ်ဆေးရုံရှေ့မှာ တခြားသူတွေနဲ့ ထိုင်စကားပြောနေတဲ့ အချိန်မှာ သေနတ် သမားတွေက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဦးဆန်းထွန်းဦးကို ပစ်သွားတယ်။ ရသွားတဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေသွားပြီးလို့ သိရတယ်” ဟု ပြောသည်။

ဦးဆန်းထွန်းဦးသည် ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအရေးနှင့် ကို ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအတွက် တိုက်နယ်ဆရာဝန်နှင့် ဆွေးနွေးနေစဥ် အမည်မသိ သေ နတ်သမားများက လာရောက် ပစ်ခတ်ခဲ့သည်ဟု မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရသည့် ဦးဆန်းထွန်းဦးသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းလည်း မွန်ပြည်နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောသည်။

ဦးဆန်းထွန်းဦးသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောင်ယှဥ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် မဲရှုံးနိမ့်ထားသူ ဖြစ်သည်။

ဦးဆန်းထွန်းဦး ပစ်သတ်ခံလိုက်ရသည့် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေလာပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် မေလကလည်း ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေနှင့် ဇနီး တို့ သေနတ်ပစ်ခံရပြီး ဦးမြင့်ဆွေ သေဆုံးသွားခဲ့သည့်ဖြစ်စဥ်တစ်လည်း ဖြစ်ပွားခဲ့သည်။

*** ZAWGYI ***
ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္း တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္။

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားလွယ္ေလာင္း တစ္ဦး ယေန႔ နံနက္တြင္ ပစ္သတ္ခံလိုက္ရသည္ဟု ျပည္နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳး ေရးပါတီထံမွ သိရသည္။

ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ ဦးဆန္းထြန္းဦးသည္ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ နံနက္ ၈ နာရီ အခ်ိန္ခန႔္က ဇုတ္သုတ္ေက်း႐ြာ တိုက္နယ္ေဆး႐ုံေရွ႕ တြင္ ပစ္ခတ္ခံလိုက္ရျခင္း ျဖစ္သည္။

ဘီးလင္းေဒသခံတစ္ဦးက “တိုက္နယ္ေဆး႐ုံေရွ႕မွာ တျခားသူေတြနဲ႔ ထိုင္စကားေျပာေနတဲ့ အခ်ိန္မွာ ေသနတ္ သမားေတြက ဆိုင္ကယ္နဲ႔ ေရာက္လာၿပီး ဦးဆန္းထြန္းဦးကို ပစ္သြားတယ္။ ရသြားတဲ့ ေသနတ္ဒဏ္ရာေတြနဲ႔ ေသသြားၿပီးလို႔ သိရတယ္” ဟု ေျပာသည္။

ဦးဆန္းထြန္းဦးသည္ ဇုတ္သုတ္ေက်း႐ြာ တိုက္နယ္ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနသည့္ လူနာမ်ားအေရးႏွင့္ ကို ဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံေရး လုပ္ငန္းမ်ားအတြက္ တိုက္နယ္ဆရာဝန္ႏွင့္ ေဆြးေႏြးေနစဥ္ အမည္မသိ ေသ နတ္သမားမ်ားက လာေရာက္ ပစ္ခတ္ခဲ့သည္ဟု မြန္ျပည္နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ထုတ္ျပန္ထားသည္။

ပစ္ခတ္ခံရသည့္ ဦးဆန္းထြန္းဦးသည္ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားေၾကာင္းလည္း မြန္ျပည္နယ္ ျပည္ ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ေျပာသည္။

ဦးဆန္းထြန္းဦးသည္ ၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ဘီးလင္းၿမိဳ႕နယ္ ျပည္ နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေနရာတြင္ ဝင္ေရာင္ယွဥ္ၿပိဳင္ခဲ့ၿပီး ေ႐ြးေကာက္ပြဲတြင္ မဲရႈံးနိမ့္ထားသူ ျဖစ္သည္။

ဦးဆန္းထြန္းဦး ပစ္သတ္ခံလိုက္ရသည့္ အခင္းျဖစ္ပြားရာေနရာသို႔ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိေနလာၿပီး ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ဆိုသည္။

ၿပီးခဲ့သည့္ ေမလကလည္း ဘီးလင္းၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးျမင့္ေဆြႏွင့္ ဇနီး တို႔ ေသနတ္ပစ္ခံရၿပီး ဦးျမင့္ေဆြ ေသဆုံးသြားခဲ့သည့္ျဖစ္စဥ္တစ္လည္း ျဖစ္ပြားခဲ့သည္။