လမ်းမတော် ထွေအုပ်ရုံးအနီး ပေါက်ကွဲမှု လေးကြိမ်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီးတွင် ယနေ့ နံနက် ပိုင်းက ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်တစ်စီးလည်း မီးလောင်သွားသည်ဟု အဆိုပါ မြို့နယ် အတွင်း နေထိုင်သူများက ပြောသည်။
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်ပြတ်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းမတော် ၁၃ လမ်းအတွင်းရှိ အထပ်မြင့်တိုက်ခန်းများပေါ်ကိုပါ တက်ရောက်စစ်ဆေးနေသည်ဟု အဆိုပါလမ်းအတွင်း နေထိုင်သူများက ပြောသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ “မနက်က အုန်းကနဲ့ အုန်းကနဲ့ အသံအကျယ်ကြီး လေးခါကြားရတယ်။ ပေါက်တာတော့ တော်တော်ပြင်းတယ်။ တိုက်တွေပါတုန် တယ်” ဟု လမ်းမတော်မြို့နယ် ၉လမ်းတွင် နေထိုင်သည့် အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ပြော သည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ကမ်းနားလမ်းအား ပိတ်ဆို့စစ်ဆေးကာ လမ်း ဘေးဈေးသည်များကိုလည်း စျေးပြန်သိမ်းခိုင်းခဲ့သည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။
မော်တင်မှတ်တိုင်အနီးတွင်နေ ထိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း “မီးလောင်သွား တဲ့ ကားပေါ်မှာပဲ ဗုံးပေါက်တာဖြစ်မယ်။ ပေါက်တဲ့နေရာက ကမ်းနားလမ်း အမြန်လမ်းမပေါ်မှာ ဖြစ်တာ။ ပေါက် တဲ့နေရာက ကားတွေ ရပ်လေ့ရပ်ထသိပ်မရှိဘူး” ဟု ပြောသည်။
ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်အပြင် ပန်းဘဲတန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့တွင်လည်း ပေါက်ကွဲ မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။
နိုဝင်ဘာလ ၁၀ရက်နေ့(ယနေ့) နံနက်ပိုင်းမှာပင် ပန်းဘဲတန်းမြို့နယ် အတွင်းရှိ ဗိုလ်ချုပ်ဈေးနှင့် လှည်းကူးမြို့ နယ်၊ မီတာရုံးတို့တွင်လည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။
*** ZAWGYI ***
လမ္းမေတာ္ ေထြအုပ္႐ုံးအနီး ေပါက္ကြဲမႈ ေလးႀကိမ္ျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္။
ရန္ကုန္တိုင္း၊ လမ္းမေတာ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး အနီးတြင္ ယေန႔ နံနက္ ပိုင္းက ဗုံးေပါက္ကြဲမႈ ၄ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေမာ္ေတာ္ယာဥ္တစ္စီးလည္း မီးေလာင္သြားသည္ဟု အဆိုပါ ၿမိဳ႕နယ္ အတြင္း ေနထိုင္သူမ်ားက ေျပာသည္။
ေပါက္ကြဲမႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦး လက္ျပတ္သြားခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လမ္းမေတာ္ ၁၃ လမ္းအတြင္းရွိ အထပ္ျမင့္တိုက္ခန္းမ်ားေပၚကိုပါ တက္ေရာက္စစ္ေဆးေနသည္ဟု အဆိုပါလမ္းအတြင္း ေနထိုင္သူမ်ားက ေျပာသည္။
ႏိုဝင္ဘာလ ၁၀ ရက္ေန႔ (ယေန႔)၊ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈႏွင့္ပတ္သက္၍ “မနက္က အုန္းကနဲ႔ အုန္းကနဲ႔ အသံအက်ယ္ႀကီး ေလးခါၾကားရတယ္။ ေပါက္တာေတာ့ ေတာ္ေတာ္ျပင္းတယ္။ တိုက္ေတြပါတုန္ တယ္” ဟု လမ္းမေတာ္ၿမိဳ႕နယ္ ၉လမ္းတြင္ ေနထိုင္သည့္ အသက္ ၃၀ ေက်ာ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာ သည္။
ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္မ်ား ေရာက္ရွိလာၿပီး ကမ္းနားလမ္းအား ပိတ္ဆို႔စစ္ေဆးကာ လမ္း ေဘးေဈးသည္မ်ားကိုလည္း ေစ်းျပန္သိမ္းခိုင္းခဲ့သည္ဟု ထိုအမ်ိဳးသားက ဆက္ေျပာသည္။
ေမာ္တင္မွတ္တိုင္အနီးတြင္ေန ထိုင္သည့္ အသက္ ၅၀ ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကလည္း “မီးေလာင္သြား တဲ့ ကားေပၚမွာပဲ ဗုံးေပါက္တာျဖစ္မယ္။ ေပါက္တဲ့ေနရာက ကမ္းနားလမ္း အျမန္လမ္းမေပၚမွာ ျဖစ္တာ။ ေပါက္ တဲ့ေနရာက ကားေတြ ရပ္ေလ့ရပ္ထသိပ္မရွိဘူး” ဟု ေျပာသည္။
ယေန႔နံနက္ပိုင္းတြင္ လမ္းမေတာ္ၿမိဳ႕နယ္အျပင္ ပန္းဘဲတန္းၿမိဳ႕နယ္ႏွင့္ လွည္းကူးၿမိဳ႕နယ္တို႔တြင္လည္း ေပါက္ကြဲ မႈမ်ား ျဖစ္ပြားခဲ့သည္ဟု ေဒသခံျပည္သူမ်ားက ေျပာသည္။
ႏိုဝင္ဘာလ ၁၀ရက္ေန႔(ယေန႔) နံနက္ပိုင္းမွာပင္ ပန္းဘဲတန္းၿမိဳ႕နယ္ အတြင္းရွိ ဗိုလ္ခ်ဳပ္ေဈးႏွင့္ လွည္းကူးၿမိဳ႕ နယ္၊ မီတာ႐ုံးတို႔တြင္လည္း ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့သည္။