ဈေးဝယ်နေသော အရပ်ဝတ်နှင့် စစ်သားများ ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။
ရန်ကုန် လှိုင်မြို့နယ်အတွင်းတွင် အရပ်ဝတ်နှင့် ဈေးဝယ်နေသော စစ်ကောင်စီ တပ်သား ၃ ဦး သေနတ်နှင့် ပစ်ခံရပြီး ၂ ဦး သေဆုံးသွားခဲ့ပြီး တစ်ဦး ဒဏ်ရာရသွားသည်။
နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက လှိုင်မြို့နယ်၊ အင်းစိန် လမ်းမကြီးဘေးရှိ လှိုင်အားကစားရုံကြီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များထဲမှ ၃ ဦး သည် ဓမ္မသုခလမ်းပေါ်တွင် ညနေခင်းရောင်းချသည့် ကျောင်းကုန်းဈေး၌ ဈေးဝယ်နေစဉ် အနီးကပ် ပစ်ခံရခြင်း ဖြစ်သည်။
“မနေ့က ကလေးတစ်ယောက် ဖမ်းခံထိထားတော့ အားလုံးက ဒလန်ကို ပစ်တယ်လို့ထင်နေကြတာ။ ဒါပေမယ့် တပြိုင်တည်းမှာ သုံးယောက်ပြူးကို ပစ်တာဆိုတော့ ဒလန်မဖြစ်နိုင်တော့ဘူး။ ဟိုမေးဒီမေးနဲ့ စုံစမ်းကြည့်တော့ မှ ဘော်လီဘောရုံက သူတွေဖြစ်နေတာ“ ဟု ကျောင်းကုန်းလမ်းတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုး သားတစ်ဦးက ရှင်းပြသည်။
ဘောလီဘောရုံဟု လူသိများသော လှိုင်အားကစား ရုံတွင် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားကြခြင်း ဖြစ်သည်။
ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာသို့ ချက်ချင်းပင် စစ်ကောင်စီတပ်များ ရောက်လာပြီးနောက် သေနတ်ပစ်ဖောက်မှု များကြောင့် ဈေးထဲတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး တိုက်ခန်းမြေညီထပ်များတွင် ဖွင့်ထားသည့် ဆိုင်များ လည်း ချက်ချင်းပိတ်ကုန်သည်ဟု လှိုင် ၇ ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။
ရပ်ကွက် ၁၆ ရပ်ကွက်ရှိသည့် လှိုင်မြို့နယ်တွင် ယခင်ကတည်းက ရပ်ကွက်အလိုက် ဒလန်သုတ်သင်မှုဆိုသည့် ပစ်ခတ်များ၊ ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိခဲ့သော်လည်း ယခုကဲ့သို့ စစ်ကောင်စီတပ်များကို ပစ်ခတ်ခံရ မှု သည့် ပထမဆုံးအကြိမ် ဖြစ်သည်ဟု လှိုင်မြို့နယ်အတွင်း နေထိုင်သူများက ဆိုသည်။
လှိုင်အားကစားရုံကြီးနှင့် မျက်စောင်းထိုးတွင်ရှိနေသည့် လှိုင်မြို့မ ရဲစခန်းကိုလည်း အောက်တိုဘာလ ၃၁ ရက်နေ့ တုန်းက လက်နက်ကြီးဖြင့် ၄ ချက်ခန့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ သေးသည်။
*** ZAWGYI ***
ေဈးဝယ္ေနေသာ အရပ္ဝတ္ႏွင့္ စစ္သားမ်ား ပစ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္။
ရန္ကုန္ လႈိင္ၿမိဳ႕နယ္အတြင္းတြင္ အရပ္ဝတ္ႏွင့္ ေဈးဝယ္ေနေသာ စစ္ေကာင္စီ တပ္သား ၃ ဦး ေသနတ္ႏွင့္ ပစ္ခံရၿပီး ၂ ဦး ေသဆုံးသြားခဲ့ၿပီး တစ္ဦး ဒဏ္ရာရသြားသည္။
ႏိုဝင္ဘာလ ၁၀ ရက္ ညေနပိုင္းက လႈိင္ၿမိဳ႕နယ္၊ အင္းစိန္ လမ္းမႀကီးေဘးရွိ လႈိင္အားကစား႐ုံႀကီးတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္ဖြဲ႕မ်ားထဲမွ ၃ ဦး သည္ ဓမၼသုခလမ္းေပၚတြင္ ညေနခင္းေရာင္းခ်သည့္ ေက်ာင္းကုန္းေဈး၌ ေဈးဝယ္ေနစဥ္ အနီးကပ္ ပစ္ခံရျခင္း ျဖစ္သည္။
“မေန႔က ကေလးတစ္ေယာက္ ဖမ္းခံထိထားေတာ့ အားလုံးက ဒလန္ကို ပစ္တယ္လို႔ထင္ေနၾကတာ။ ဒါေပမယ့္ တၿပိဳင္တည္းမွာ သုံးေယာက္ျပဴးကို ပစ္တာဆိုေတာ့ ဒလန္မျဖစ္ႏိုင္ေတာ့ဘူး။ ဟိုေမးဒီေမးနဲ႔ စုံစမ္းၾကည့္ေတာ့ မွ ေဘာ္လီေဘာ႐ုံက သူေတြျဖစ္ေနတာ“ ဟု ေက်ာင္းကုန္းလမ္းတြင္ ေနထိုင္သည့္ အသက္ ၅၀ အ႐ြယ္ အမ်ိဳး သားတစ္ဦးက ရွင္းျပသည္။
ေဘာလီေဘာ႐ုံဟု လူသိမ်ားေသာ လႈိင္အားကစား ႐ုံတြင္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ား တပ္စြဲထားၾကျခင္း ျဖစ္သည္။
ပစ္ခတ္မႈ ျဖစ္ပြားသည့္ေနရာသို႔ ခ်က္ခ်င္းပင္ စစ္ေကာင္စီတပ္မ်ား ေရာက္လာၿပီးေနာက္ ေသနတ္ပစ္ေဖာက္မႈ မ်ားေၾကာင့္ ေဈးထဲတြင္လည္း ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားၿပီး တိုက္ခန္းေျမညီထပ္မ်ားတြင္ ဖြင့္ထားသည့္ ဆိုင္မ်ား လည္း ခ်က္ခ်င္းပိတ္ကုန္သည္ဟု လႈိင္ ၇ ရပ္ကြက္အတြင္းေနထိုင္သူမ်ားက ေျပာသည္။
ရပ္ကြက္ ၁၆ ရပ္ကြက္ရွိသည့္ လႈိင္ၿမိဳ႕နယ္တြင္ ယခင္ကတည္းက ရပ္ကြက္အလိုက္ ဒလန္သုတ္သင္မႈဆိုသည့္ ပစ္ခတ္မ်ား၊ ဗုံးေပါက္ကြဲမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိခဲ့ေသာ္လည္း ယခုကဲ့သို႔ စစ္ေကာင္စီတပ္မ်ားကို ပစ္ခတ္ခံရ မႈ သည့္ ပထမဆုံးအႀကိမ္ ျဖစ္သည္ဟု လႈိင္ၿမိဳ႕နယ္အတြင္း ေနထိုင္သူမ်ားက ဆိုသည္။
လႈိင္အားကစား႐ုံႀကီးႏွင့္ မ်က္ေစာင္းထိုးတြင္ရွိေနသည့္ လႈိင္ၿမိဳ႕မ ရဲစခန္းကိုလည္း ေအာက္တိုဘာလ ၃၁ ရက္ေန႔ တုန္းက လက္နက္ႀကီးျဖင့္ ၄ ခ်က္ခန႔္ လာေရာက္ပစ္ခတ္မႈျဖစ္ပြားခဲ့ ေသးသည္။