ကရင်နီ ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ် ကာကွယ်ဆေး စထိုးနိုင်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေအတွင်း အသက် ၁၈ နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးပေးနေသည်ဟု ကရင်နီကျန်းမာရေးဌာန တာဝန်ရှိသူက ပြော သည်။
နိုဝင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ နှစ်ရက်ဆက်တိုက် လူဦးရေ ၂၅၀ ကို ပထမဦးစားပေးအသုတ်အနေဖြင့် ထိုးပေးခြင်း ဖြစ်သည်ဟု ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ် က ပြောသည်။
“ကျနော်တို့ ဒီတိုင်းရင်းသားအဖွဲ့တွေနဲ့ NUG နဲ့ တိုင်းရင်း သားကျန်းမာရေးဌာနတွေနဲ့ စုစည်းထားတဲ့ COVID-19 Task Force (CTF) ဆိုတဲ့ Network တစ်ခုရှိတယ်။ အဲ့ဒီ မှာ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ကိုဗစ် ကာကွယ်ဆေးရရှိအောင် ကျနော်တို့ ဆောင်ရွက်ကြဖို့ ဖြစ်တယ်။ ဆိုတော့ အဲ့ဒီ CTF ရဲ့ အစီအစဉ် အောက်က နေပြီးတော့ ပထမဆုံးပိုက်လော့အနေနဲ့ ကျနော်တို့ ဆေး ၂၅၀ ခွဲတန်းရတာပေါ့။ ၂၅၀ ခွဲတန်းရတာကို ဒီနယ် စပ်မှာရှိတဲ့ ကျနော်တို့ ကရင်နီ KA ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ပထမဆုံး ကျနော်တို့ထိုးတယ်။ မနေ့က လူ ၁၃၀ ထိုး တယ်။ ဒီနေ့ ၁၂၀။ အားလုံး လူ ၂၅၀ ကို ကျနော်တို့ဒေသမှာ စထိုးပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီ လောက်မှာ ပြီးသွားပါတယ်။”
COVID-19 Task Force (CTF) အစီအစဉ်အောက်မှ ရရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာ-ထိုင်း နယ်စပ် (ကယား-ကရင်နီပြည်နယ်) ဘက်အခြမ်း KNPP ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိနေသည့် စစ်ရှောင် များထဲမှ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ အမျိုးသမီးအဖွဲ့ဝင်များ၊ စစ်ရှောင် စခန်းကော်မတီဝင်များနှင့် ခရီးသွားလာရသူများကို ပထမဦးစားပေးနေဖြင့် အယောက် ၂၅၀ ကို ထိုးပေးခြင်း ဖြစ်သည်။
“အခုထိုးပေးတဲ့ဆေးအမျိုးအစားကတော့ Sinopharm ဖြစ်တယ်။ တရုတ်ဆေးပါပဲ။ ကျနော်တို့ ဒီမှာကတော့ ကျနော်တို့ ဘယ်လိုသတ်မှတ်ပြီးတော့ ထိုးပေးလဲဆိုတော့ လောလောဆယ်ပြေးလာတဲ့ IDPs Camp တွေရှိ တယ်လေ။ အဲ့မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း၊ ကျောင်းဆရာ ဆရာမ၊ ပြီးတော့ ဒီစခန်းထဲမှာ အုပ်ချုပ်ရေး ကော်မတီဝင်တွေ၊ ပြီးတော့ အမျိုးသမီးအဖွဲ့တွေ ပြီးတော့အသွားအလာများတဲ့ ဒီလူမှုရေးလုပ်ငန်းက လူတွေ ကို၊ အဓိကထားပြီးတော့ လူ ၂၅၀ ကို ကျနော်တို့ ထိုးပေးခဲ့ပါတယ်” ဟု ခွန်းဖိလစ်က ဆက်ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် KNPP ထိန်းချုပ်မြေထဲသို့ ရောက်ရှိနေသည့် စစ်ရှောင်များအနက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ၁၈ နှစ် ပြည့် ပြီးသူ ၈၀၀၀ ကျော်ရှိသည့်အနက် ပထမဦးစားပေးအနေဖြင့် အယောက် ၂၅၀ ကို စတင်ထိုးပေးခြင်း ဖြစ်သည်။
ပထမအကြိမ် ဆေးတစ်လုံးစီ ထိုးပေးထားသည့်သူများကို နောက်ထပ် ၄ ပတ်အကြာတွင် ဒုတိယတစ်လုံးကို ထပ်မံထိုးပေးမည်ဟု ကရင်နီကျန်းမာရေးဌာနထံမှ သိရသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နယ်မြေထဲသို့ ရောက်ရှိနေသည့် စစ်ရှောင်များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် ကရင်နီကျန်းမာရေးဌာနက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သော်လည်း စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်နေသည့် မြို့နယ်၊ ကျေးရွာများထဲက ပြည်သူများအတွက် ကာကွယ်ဆေးထိုး ပေးနိုင်ရေး စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်ဟု ဆိုသည်။
ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းရင်း သား ကျန်းမာရေး အဖွဲ့များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး၊ ကုသရေးအဖွဲ့ COVID-19 Task Force (CTF) ကို ဇူလိုင်လ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
COVID-19 Task Force (CTF) အဖွဲ့ထဲတွင် ကရင်နီ၊ ကရင်၊ မွန်နှင့် ရှမ်းဒေသများအတွင်းရှိ ကျန်းမာရေးအဖွဲ့ များ ပါဝင်ပြီး တိုင်းရင်းသား ပြည်သူများအားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးမှုများ၊ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။
ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် ရောဂါထိန်းချုပ် ကာကွယ်ရေးကဏ္ဍတို့တွင် လိုအပ်နေသည့် အထောက်အပံ့များရရှိနိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်း များ၊ ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်ဟု အဖွဲ့တာဝန် ရှိသူများ စတင်ဖွဲ့စည်းစဉ်က ပြောဆိုထားသည်။
အဆိုပါ COVID-19 Task Force (CTF) အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ၄ လနီးပါးအကြာတွင် ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ခြင်း ဖြစ်သည်။
Photo- Karenni Humanitarian Team-KHT
*** ZAWGYI ***
ကရင္နီ ထိန္းခ်ဳပ္နယ္ေျမအတြင္း ကိုဗစ္ ကာကြယ္ေဆး စထိုးႏိုင္ၿပီ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္။
ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ KNPP ထိန္းခ်ဳပ္နယ္ေျမအတြင္း အသက္ ၁၈ ႏွစ္အထက္ ျပည္သူမ်ားကို ကိုဗစ္-၁၉ ကာကြယ္ေဆး ပထမဆုံးအႀကိမ္ ထိုးေပးေနသည္ဟု ကရင္နီက်န္းမာေရးဌာန တာဝန္ရွိသူက ေျပာ သည္။
ႏိုဝင္ဘာလ ၈ ရက္ေန႔ႏွင့္ ၉ ရက္ေန႔ ႏွစ္ရက္ဆက္တိုက္ လူဦးေရ ၂၅၀ ကို ပထမဦးစားေပးအသုတ္အေနျဖင့္ ထိုးေပးျခင္း ျဖစ္သည္ဟု ကရင္နီက်န္းမာေရးဌာန ၫႊန္ၾကားေရးမႉး ခြန္းဖိလစ္ က ေျပာသည္။
“က်ေနာ္တို႔ ဒီတိုင္းရင္းသားအဖြဲ႕ေတြနဲ႔ NUG နဲ႔ တိုင္းရင္း သားက်န္းမာေရးဌာနေတြနဲ႔ စုစည္းထားတဲ့ COVID-19 Task Force (CTF) ဆိုတဲ့ Network တစ္ခုရွိတယ္။ အဲ့ဒီ မွာ က်ေနာ္တို႔ တိုင္းရင္းသားေဒသေတြမွာ ကိုဗစ္ ကာကြယ္ေဆးရရွိေအာင္ က်ေနာ္တို႔ ေဆာင္႐ြက္ၾကဖို႔ ျဖစ္တယ္။ ဆိုေတာ့ အဲ့ဒီ CTF ရဲ႕ အစီအစဥ္ ေအာက္က ေနၿပီးေတာ့ ပထမဆုံးပိုက္ေလာ့အေနနဲ႔ က်ေနာ္တို႔ ေဆး ၂၅၀ ခြဲတန္းရတာေပါ့။ ၂၅၀ ခြဲတန္းရတာကို ဒီနယ္ စပ္မွာရွိတဲ့ က်ေနာ္တို႔ ကရင္နီ KA ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမထဲမွာ ပထမဆုံး က်ေနာ္တို႔ထိုးတယ္။ မေန႔က လူ ၁၃၀ ထိုး တယ္။ ဒီေန႔ ၁၂၀။ အားလုံး လူ ၂၅၀ ကို က်ေနာ္တို႔ေဒသမွာ စထိုးပါတယ္။ ဒီေန႔ ေန႔လည္ ၁၂ နာရီ ေလာက္မွာ ၿပီးသြားပါတယ္။”
COVID-19 Task Force (CTF) အစီအစဥ္ေအာက္မွ ရရွိလာသည့္ ကိုဗစ္-၁၉ ကာကြယ္ေဆးကို ျမန္မာ-ထိုင္း နယ္စပ္ (ကယား-ကရင္နီျပည္နယ္) ဘက္အျခမ္း KNPP ထိန္းခ်ဳပ္နယ္ေျမအတြင္း ေရာက္ရွိေနသည့္ စစ္ေရွာင္ မ်ားထဲမွ က်န္းမာေရးဝန္ထမ္း၊ ပညာေရးဝန္ထမ္း၊ အမ်ိဳးသမီးအဖြဲ႕ဝင္မ်ား၊ စစ္ေရွာင္ စခန္းေကာ္မတီဝင္မ်ားႏွင့္ ခရီးသြားလာရသူမ်ားကို ပထမဦးစားေပးေနျဖင့္ အေယာက္ ၂၅၀ ကို ထိုးေပးျခင္း ျဖစ္သည္။
“အခုထိုးေပးတဲ့ေဆးအမ်ိဳးအစားကေတာ့ Sinopharm ျဖစ္တယ္။ တ႐ုတ္ေဆးပါပဲ။ က်ေနာ္တို႔ ဒီမွာကေတာ့ က်ေနာ္တို႔ ဘယ္လိုသတ္မွတ္ၿပီးေတာ့ ထိုးေပးလဲဆိုေတာ့ ေလာေလာဆယ္ေျပးလာတဲ့ IDPs Camp ေတြရွိ တယ္ေလ။ အဲ့မွာရွိတဲ့ က်န္းမာေရးဝန္ထမ္း၊ ေက်ာင္းဆရာ ဆရာမ၊ ၿပီးေတာ့ ဒီစခန္းထဲမွာ အုပ္ခ်ဳပ္ေရး ေကာ္မတီဝင္ေတြ၊ ၿပီးေတာ့ အမ်ိဳးသမီးအဖြဲ႕ေတြ ၿပီးေတာ့အသြားအလာမ်ားတဲ့ ဒီလူမႈေရးလုပ္ငန္းက လူေတြ ကို၊ အဓိကထားၿပီးေတာ့ လူ ၂၅၀ ကို က်ေနာ္တို႔ ထိုးေပးခဲ့ပါတယ္” ဟု ခြန္းဖိလစ္က ဆက္ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ကယား(ကရင္နီ)ျပည္နယ္အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ KNPP ထိန္းခ်ဳပ္ေျမထဲသို႔ ေရာက္ရွိေနသည့္ စစ္ေရွာင္မ်ားအနက္ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးရန္ ၁၈ ႏွစ္ ျပည့္ ၿပီးသူ ၈၀၀၀ ေက်ာ္ရွိသည့္အနက္ ပထမဦးစားေပးအေနျဖင့္ အေယာက္ ၂၅၀ ကို စတင္ထိုးေပးျခင္း ျဖစ္သည္။
ပထမအႀကိမ္ ေဆးတစ္လုံးစီ ထိုးေပးထားသည့္သူမ်ားကို ေနာက္ထပ္ ၄ ပတ္အၾကာတြင္ ဒုတိယတစ္လုံးကို ထပ္မံထိုးေပးမည္ဟု ကရင္နီက်န္းမာေရးဌာနထံမွ သိရသည္။
ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ KNPP နယ္ေျမထဲသို႔ ေရာက္ရွိေနသည့္ စစ္ေရွာင္မ်ားအားလုံး ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးေပးႏိုင္ေရးအတြက္ ကရင္နီက်န္းမာေရးဌာနက ဆက္လက္ႀကိဳးပမ္းသြားမည္ျဖစ္ေသာ္လည္း စစ္ေကာင္စီႏွင့္ တိုက္ပြဲမ်ားျဖစ္ေနသည့္ ၿမိဳ႕နယ္၊ ေက်း႐ြာမ်ားထဲက ျပည္သူမ်ားအတြက္ ကာကြယ္ေဆးထိုး ေပးႏိုင္ေရး စိန္ေခၚမႈ တစ္ရပ္ျဖစ္ေနသည္ဟု ဆိုသည္။
ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းမ်ားကို ထိေရာက္စြာ လုပ္ေဆာင္ႏိုင္ရန္အတြက္ တိုင္းရင္း သား က်န္းမာေရး အဖြဲ႕မ်ားႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG တို႔ ပူးေပါင္းကာ ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ ေရး၊ ကုသေရးအဖြဲ႕ COVID-19 Task Force (CTF) ကို ဇူလိုင္လ ၁၇ ရက္ေန႔က ဖြဲ႕စည္းလိုက္ျခင္း ျဖစ္သည္။
COVID-19 Task Force (CTF) အဖြဲ႕ထဲတြင္ ကရင္နီ၊ ကရင္၊ မြန္ႏွင့္ ရွမ္းေဒသမ်ားအတြင္းရွိ က်န္းမာေရးအဖြဲ႕ မ်ား ပါဝင္ၿပီး တိုင္းရင္းသား ျပည္သူမ်ားအားလုံးအတြက္ ကိုဗစ္-၁၉ ကာကြယ္ေရး အသိပညာေပးမႈမ်ား၊ ေရာဂါ ထိန္းခ်ဳပ္ေရး လမ္းၫႊန္ခ်က္မ်ားကို လုပ္ေဆာင္သြားမည္ဟု ေျပာဆိုထားသည္။
ထို႔အျပင္ ကိုဗစ္-၁၉ ကာကြယ္ေဆးအပါအဝင္ ေရာဂါထိန္းခ်ဳပ္ ကာကြယ္ေရးက႑တို႔တြင္ လိုအပ္ေနသည့္ အေထာက္အပံ့မ်ားရရွိႏိုင္ေရးအတြက္ ႏိုင္ငံတကာ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ျခင္း လုပ္ငန္း မ်ား၊ ကိုဗစ္-၁၉ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္သည္ဟု အဖြဲ႕တာဝန္ ရွိသူမ်ား စတင္ဖြဲ႕စည္းစဥ္က ေျပာဆိုထားသည္။
အဆိုပါ COVID-19 Task Force (CTF) အဖြဲ႕ကို ဖြဲ႕စည္းၿပီးေနာက္ ၄ လနီးပါးအၾကာတြင္ ပထမဆုံးအႀကိမ္ ကိုဗစ္ကာကြယ္ေဆး ထိုးေပးႏိုင္ျခင္း ျဖစ္သည္။
Photo- Karenni Humanitarian Team-KHT