ချောင်းသာကမ်းခြေမှ ဟိုတယ်အချို့ ပစ္စည်းများရွှေ့ပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။

ချောင်းသာကမ်းခြေမှ ဟိုတယ်အများစုသည် တန်ဖိုးကြီးပစ္စည်းများကို ဖြုတ်သိမ်းကာ ပုသိမ်မြို့သို့ ရွှေ့ပြောင်း မှုများ လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေရှိ ဟိုတယ်အများစုမှာ အာရက္ခတပ်တော် (AA) နှင့် တော်လှန် ရေး တပ်ပေါင်းစုများက ရခိုင်ပြည်နှင့် နယ်မြေချင်း ထိစပ်နေသည့်  အနောက်မြောက်ကမ်းခြေ ဒေသရှိ မကျီဇင် နှင့် ဘောမိကျေးရွာများကို တိုက်ခိုက်ပြီးနောက် ပြောင်းရွှေ့ကြခြင်းဖြစ်သည်ဟု ဟိုတယ်လုပ်ငန်းများနှင့် နီးစပ် သူတစ်ဦးက ပြောသည်။

ဟိုတယ်ဝန်ထမ်းတစ်ဦးက မီးစက်ကြီးတွေ အဲယားကွန်းတွေ ဘီဒိုတွေနဲ့ ဟိုတယ်သုံး တန်ဖိုးကြီး ပစ္စည်းတွေ ကို  တအိအိရွှေ့ပြောင်း နေကြတာပေါ့။ စစ်ပွဲတွေ ရောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ပေါ့ ဟု ပြော သည်။

ချောင်းသာကမ်ခြေနှင့် မိုင် ၇၀ ခန့်သာ ကွာဝေးသည့် ဘောမိကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက် ခိုက်ခဲ့ကာ ရေတပ်မှလည်း အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်ရွာလုံး မီးလောင်ဆုံးရရှုံးခဲ့သည်ဟု စစ်ရှောင်ရောက်ရှိနေသူ ဘောမိဒေသခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်တက္ကစီ သမားတစ်ဦးက အခုကတော့ ဧည့်သည်အဝင် မရှိတော့ဘူး။ ‌ခြောက်ကပ်နေပြီ ဒေသခံ တစ် ချို့ ပိုက်ဆံရှိတဲ့သူတွေပေါ့ ပြောင်းပြေးကြပြီ တစ်ခြားက စစ်ရှောင် ရောက်လာသူတွေလည်း ဆက်ပြီး ကူးပြေး ကြပြီ တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ ဝေးသေးတယ်ဆိုပေမဲ့ လေယာဉ်နဲ့ ဗုံးကြဲတာဆိုတော့ ကြောက်ကြတာပေါ့ ဟု ပြောသည်။

ချောင်းသာကမ်ခြေတွင် ဟိုတယ်ပေါင်း ၃၀ ကျော်ရှိသည့် အနက် ဟိုတယ် ၃ လုံးသာ ပစ္စည်းများ ဖြုတ်သိမ်း ရွှေ့ ပြောင်းခြင်း မရှိကြောင်း ကြိုတင်အခန်းဌားခြင်းများကို လက်မခံတော့ကြောင်း လက်ခံထားသည်များကိုလည်း ပြန်လည်ဖျက်သိမ်းကြကြောင်း ဟိုတယ်လုပ်ငန်းရှင်များနှင့် နီးစပ်သူများက ပြောသည်။

ဆက်လက်ပြီး “Amazing  Golden Beach Azura ဟိုတယ်တွေကတော့ ပစ္စည်းတွေ ရွှေ့ပြောင်းတာ မတွေ့ ဘူး။ ကမ်း‌ခြေတစ်ခုလုံး ခြောက်ကပ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ ဧည့်သည်တစ်ချို့ပေါ့ ဦးရေ ၂၀ ကျော် လောက်တော့ တွေ့နေရသေးတယ်။ ဟိုတယ်အများစုကတော့ ပိတ်ထားကြပြီ ဟု ပြောသည်။

ဘောမိမှ တပ်ပျက် ဆုတ်ခွာလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပုသိမ်ဘက်မှကား ၁၁ စီးဖြင့် စစ်ကူပို့လာ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ခန့်ကို တပင်မော်တပ်စခန်းနှင့် သဘော့ကန်ကျေးရွာတို့တွင် အထိုင်ချ ကာ လက်နက်ကြီးများ တပ်ဆင်၍ ခံစစ်ပြင်ဆင်နေကြသည်။

အလားတူ ဂျိတ်လတ်ဘက်မှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်များနှင့် ကား ၉ စီးဖြင့် စစ်ကူပို့လာသော တပ်ဖွဲ့ ဝင်များ ပူးပေါင်းကာ မာ့သာကျေးရွာတွင် ခံစစ်ပြင်နေသည်ဟု ဒေသခံများက ပြောသည်။