တရုတ်ကြက်ခြေနီ ယာဉ်တန်းကို ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင့် စစ်ကောင်စီ ဝန်ခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်။

ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့အနီးတွင် တရုတ်ကြက်ခြေနီ ယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ က ဝန်ခံလိုက်သည်။

ငလျင်ကြောင့် လူထောင်ချီ ဘေးသင့်နေချိန် နယ်စပ်မှတဆင့် ကူညီကယ်ဆယ်ရေး လုပ်ရန် ဝင်ရောက်လာသော တရုတ်ကြက်နီခြေ အဖွဲ့၏ ယာဉ်တန်းကို နောင်ချိုမြို့အနီးတွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြစ်စဉ်မှာ ဧပြီလ ၁ ရက်နေ့၊ ည ၉ နာရီခွဲလောက်မှာ နောင် ချို ဘက်ကနေပြီး ယာဉ်တန်းပေါ့ ၉ စီးလောက်ပါတယ်လို့ ပြောပါတယ်။ လာတာကို တွေ့ရပါတယ်။ အုမ္မတီး ရွာနားမှာ တပ်မတော် လုံခြုံရေး အဖွဲ့ရှိပါတယ်။ တပ်မတာ်လုံခြုံရေး အဖွဲ့အနေနဲ့ ဒီယာဉ်တန်းကို တွေ့တဲ့အခါ မှာ တားဆီးပါတယ်။ တားဆီးလို့ မရပါဘူး။ မီတာ ၁၀၀ လောက်၊ မီတာ ၂၀၀ လောက်အကွာကနေ မီးထိုးပြီး တားဆီး တယ်။ တားဆီးလို့ မရဘူး။ မီတာ ၁၀၀ လောက်အကွာမှာတော့ မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ နောင်ချိုဘက်ကို ပြန်သွားတယ်လို့ အကြမ်းဖျင်း သိရပါတယ်။ ဟု ပြောသည်။

ကြိုတင်အသိမှု မရှိသောကြောင့် တရုတ်နိုင်ငံ ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဆိုသည်။

နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ငလျင်ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဝင်ရောက်မည်ဆိုပါက သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားခြင်းနှင့် လုံခြုံရေး အကူအညီယူခြင်းမျိုး လုပ်ဖို့လိုအပ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီဖို့ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီ ယာဉ်တန်းကို ကြိုတင်အသိမပေးသောကြောင့် သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ ပြော ရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဧ ပြီလ ၂ ရက်နေ့တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ကား ၉ စီးပါ ယာဉ်တန်းအား မန္တလေးမြို့သို့ သွားစဥ် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာ၌ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ထားငည်။

အဆိုပါ ယာဉ်တန်းမှာ မန္တလေးမြို့သို့ ခရီးသွားမည့် အကြောင်းကို စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီး ဖြစ်သော် လည်း သေနတ်ဖြသ့် ပစ်ခတ်ခံခဲ့ရသောကြောင့် နောင်ချိုမြို့သို့ ပြည်လှည့်ခဲ့ရသည်ဟု TNLA က ဆိုသည်။

TNLA က ထုတ်ပြန်ထားသည့် ဓာတ်ပုံတွင် တရုတ်ကြက်ခြေနီ ယာဉ်တန်းအရှေ့ရှိ ကြက်ခြေနီ အမှတ်အသားနှင့် အနီရောင်ဆိုင်းဘုတ်တွင် ငလျင်ဒဏ်သင့် ထောက်ပံ့ရေး ပစ္စည်းများ ဟူသော စာသားကို တရုတ်-မြန်မာ နှစ်ဘာ သာဖြင့် ဖော်ပြထားသည်။

တရုတ်ကြက်ခြေနီ ယာဉ်တန်း ပစ်ခတ်ခံရမှုထဲ ထိခိုက်သေဆုံးဒဏ်ရာ ရရှိမှု တစ်စုံတစ်ရာ မရှိဘူးဟုလည်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားသည်။