ရခိုင်-မကွေးအစပ် တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ အယောက် ၇၀ ကျော်သေဆုံးဟု အေအေပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်က တိုက်ပွဲများထဲ စစ်ကော်မရှင်တပ်ဘက်က အယောက် ၇၀ ကျော် သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် ULA/AA က ထုတ်ပြန်သည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက တိုက်ပွဲ၌ စစ်တပ်ဘက်က အယောက် ၇၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း များလည်း သိမ်းယူရရှိခဲ့သည်ဟု AA က ဆိုသည်။
ငဖဲမြို့နယ်ထဲက လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ရေး စစ်ကောင်မရှင်တပ်က ထိုး စစ်ဆင်နေခြင်း ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့က ဖြစ်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်က အသေ ဆုံးများခဲ့သည်ဟု AA က ဆိုသည်။
ငဖဲမြို့နယ်ထဲက စွန်တက်ကျေးရွာ၌ စက်တင်ဘာလ ၄ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၆၀ ကျော် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု AA က ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် စွန်တက်ကျေးရွာ အရှေ့မြောက်ဘက်၊ နတ်ရေကန်ကုန်း တောင်ဘက်၌လည်း စက်တင်ဘာလ ၇ ရက်နေ့ ညနေတွင် တိုက်ပွဲများ ထပ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦးခန့် သေဆုံးခဲ့သေးသည်ဟု ဆိုသည်။
စစ်တပ်က ဧရာဝတီတိုင်း – ရက္ခိုင်အစပ်၊ မကွေးတိုင်း – ရက္ခိုင်အစပ်နေရာနှင့် ပဲခူးတိုင်း-ရက္ခိုင်အစပ် နေရာတို့တွင် ထိုးစစ်ဆင်နေပြီး နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေလျှက်ရှိသည်။
အတင်းအဓမ္မ စစ်သား စုဆောင်းခံထားရသူများ၊ စစ်မှုထမ်း တပ်သားသစ်များ အနေဖြင့် အမြန်ဆုံး အလင်းဝင် ကြဖို့ AA က တိုက်တွန်းထားပြီး အလင်းဝင်လာသူများကိုလည်း ကူညီပေးမည်ဟု ဆိုသည်။