ရပ်ကျေးတာဝန်ခံ ပြောင်းလဲရန် ပြည်သူများ ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ 

လောင်းလုံးမြို့နယ်ထဲတွင် ဒေသခံ ရွာသားများက ရပ်ကျေးတာဝန်ခံ ပြောင်းလဲပေးရန် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်တွင်းကျေးရွာ အုပ်စုတွင် မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ ခန့်အပ်ထားသည့် ကျေးရွာတာဝန်ခံကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်ဟု ရွာသားများက ပြော သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ အသက် ၅၀ ခန့်အရွယ် ကျောက်တွင်းရွာသား တစ်ဦးက ရွာရဲ့ကိစ္စတွေ အလုပ် လုပ် စရာရှိတာတွေကို အခုချိန်အထိ ရွာသားတွေနဲ့ တိုင်ပင်နှီးနှောတာမျိုး မရှိဘူး၊ သူ့သဘောနဲ့သူ လုပ်ချင်သလို လုပ်နေတယ်။ ရွာသားတွေက တိုင်တိုင်ပင်ပင်နဲ့ ဂရုတစိုက် အလုပ် လုပ် စေချင်ပေမဲ့ သူက လက်မခံဘူး ဟု ပြောသည်။

မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ခန့်အပ်ထားသည့် ရပ်ကျေးတာဝန်ခံမှာ ကျေးရွာ၏

ကိစ္စရပ်များတွင် ရွာသားများနှင့် တိုင်ပင်လေ့မရှိဘဲ ၎င်းသဘောအလျှောက် လုပ်ကိုင်လေ့ရှိသူ ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

အဆိုပါ ကျေးရွာတာဝန်ခံ လဲပေးရန် ကျောက်တွင်းကျေးရွာသား ၅၀ ကျော်က စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျေးရွာအတွင်း လမ်းလျှောက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ရပ်ကျေး တာဝန်ခံနေရာတွင် ရွာသားများ ကိုယ်တိုင်ရွေးချယ်သည့် အခြား ရပ်ကျေးတာဝန်ခံ တစ်ဦးနှင့် အမြန်ဆုံး အစားထိုးပေးရန် လိုလားသည်ဟု ရွာသားများက ပြောသည်။

မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ခန့်အပ်ထားသည့် ကျောက်တွင်းကျေးရွာ ရပ်ကျေးတာဝန်ခံကမူ ဆန္ဒပြရာ တွင် ပြောဆိုမှုများမှာ ဟုတ်မှန်ခြင်း မရှိဘူးဟု ငြင်းဆိုထားသည်။

ရပ်ရွာကိစ္စရပ်များအတွက် ရွာသားများအား အသေးအမွှားကိစ္စရပ်က အစ အစည်းအဝေး ခေါ်ယူကာ အမြဲ တိုင်ပင်လေ့ရှိပြီး ၎င်းအနေဖြင့် ကျန်းမာရေး အခြေအနေအရ နုတ်ထွက်ခွင့်ပြုရန် မြို့နယ် ပအဖ တာဝန်ရှိသူ များကို ခွင့်တောင်းထားပြီး ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် မိမိအနေဖြင့် ရွာသားများ ရွေးချယ်သည့် ရပ်ကျေးတာဝန်ခံ ခန့်အပ်မည့် ကိစ္စကိုလည်း လက်ခံ နိုင်သည်ဟု ဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ခန့်အပ်ထားသည့် ‌ရပ်ကျေး တာဝန်ခံအစား ရွာသားများ ကိုယ်တိုင် ရွေးချယ်သည့် ရပ်ကျေးတာဝန်ခံအား ပြောင်းလဲခန့်အပ်သည့် ပုံစံကို ကျေးရွာအချို့တွင် စတင် လုပ်ဆောင်နေပြီ ဖြစ်သည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။