ထိုင်း-ကမ္ဘောဒီးယား နယ်စပ် သောကြာမနက် အခြေအနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။

ထိုင်းတပ်မတော် အမှတ် ၂ ဒေသက ပြည်သူတွေကို နယ်စပ် Sisaket (ศรีสะเกษ) ခရိုင်အတွင်းက နယ်စပ်များ အနီးကို မသွားကြရန် ဇူလိုင် ၂၅ ရက် (ယနေ့) နံနက် ၈ နာရီတွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

အမှတ် ၂ ထိုင်းတပ်မတော် ဒေသ၏ Facebook စာမျက်နှာတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်က ပြည်သူတွေကို လိပ်မူပြီး “သတိ။ နယ်စပ်တလျောက် နေရာအများအပြားတွင် ထိတွေ့မှုများ ဖြစ်နေသည်၊ ကျေးဇူးပြု၍ အဲဒီ နယ်စပ်ဒေသတွေကို ရှောင်ရှားကြပါ” ဆိုပြီး သတိပေးချက် ထုတ်ပြန်ထားသည်။

ထိုင်းဘုရင့်တပ်မတော် Update စာမျက်နှာတွင်လည်း တင်းမာမှုတွေ ရှိနေပြီး နံနက် စောစော ၄ နာရီခွဲတွင် သေနတ်သံများ ကြားနေရသည်ဟု ရေးသားထားသည်။ကမ္ဘောဒီးယားများက ချည်းကပ်လာနေသည်ဟု ရေးသားထားသည်။

ကြာသပတေးနေ့ ဇူလိုင်လ ၂၄ ရက်နေ့ (ယမန်နေ့) က နယ်စပ်တလျောက် နေရာ ၆ ခုတွင် ထိတွေ့မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့သည်။ 

ကမ္ဘောဒီးယားဘက်က ထိုင်းဘက်ကို အတွဲလိုက် ဒုံးကျည်များနှင့် ပစ်ခတ်ခဲ့ပြီး ထိုင်းဘက်က F-16 လေယာဉ်များနှင့် ကမ္ဘောဒီးယား စစ်ဘက် ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် တစ်လျှောက်ကိုလည်း အသွားအလာ မရှိအောင် ထိုင်းဘက်က ပိတ်ထားလိုက်ပြီး နယ်စပ်တွင်ရှိသည့် သောင်းနှင့် ချီသည့် လူများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းထားသည်။

ကမ္ဘောဒီးယားဘက်က နယ်စပ် ပြဿနာကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြထားပြီး ထိုင်းဘက်က နှစ်နိုင်ငံ နယ်ခြား ကော်မတီတွင် ဆွေးနွေး ဖြေရှင်းရန်အဆိုပြုထားသည်။