လန်ဆယ်တွင် စစ်တပ်၊ ပြည်သူ့ပူးပေါင်းအဖွဲ့နှင့် KIA ကြား တိုက်ပွဲများ ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
ကချင်ပြည်၊ ဆော့လော်မြို့နယ်ထဲက လန်ဆယ်မြို့တွင် စစ်ကော်မရှင်တပ်၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုခဲ့သောကြောင့် ကလေးများ အပါအဝင် အရပ်သားများ ထိမှန်သေဆုံးခဲ့သည်။
မြေပြင်သတင်းအရင်းအမြစ်က“ ၂၂ ရက်နေ့က လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန် သေတာရှိတယ် ဆိုတာ ဟုတ်ပါ တယ်။ ပြောရမယ်ဆိုရင် ဒီ လန်ဆယ်ဘက်ကို ဗုံးကြဲတာ ပြည်သူလူထုတွေကတော့ ကလေးအပါ သုံးယောက် ပေါ့ သေသွားတယ်။ အဆောက်အအုံတွေ ထိပြီး ပျက်စီးကုန်တာလည်းရှိပါတယ်” ဟု ပြောသည်။
KIA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားသော လန်ဆယ်မြို့ကို ပြန်ရရေးအတွက် စစ်တပ်နှင့် ဦးတန်ဂူးတန် ဦးဆောင်သည့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့က စတင်၍ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
ခေါင်းလန်ဖူးဘက်မှ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လန်ဆယ်မြို့သို့ မရောက်ခင် လာဟီဆင်ကျေးရွာ အနီးဝန်းကျင် ၌ နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
စက်တင်ဘာလ ၂၂ ရက်နေ့က လန်ဆယ်မြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးများ အပါအဝင် ပြည်သူ ၃ ဦး ထိမှန် သေဆုံးခဲ့သည်။
စက်တင်ဘာလ ၂၃ ရက်နေ့အထိ နှစ်ဖက်ကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက အတည်ပြုပြောဆိုသည်။