စက်တင်ဘာအတွင်း ရခိုင်အရပ်သား သေဆုံးမှု ၂၃ ဦးဟု AA ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်။

ရခိုင်ပြည်နယ်ဒေသများတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ကျောက်တော်မြို့နယ်သည် သေဆုံးသူ အများဆုံးရှိခဲ့သည့်မြို့ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် သရက်တပင်ရွာရှိ ပညာပန်းခင်းနှင့် အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။

အခြားဖြစ်စဉ်များအနေဖြင့် ပလက်ဝမြို့ကို စက်တင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရသူ ၂၃ ဦး ရှိခဲ့သည်။ စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင်လည်း သံတွဲမြို့ကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။