ဘန်ကောက်မြို့၏ လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး သတိပေးချက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေထုအတွင်း အမှုန်အမွှား (PM 2.5) သိပ်သည်းဆ မြင့်မားလာခြင်းကြောင့် အာဏာပိုင်များက ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ထားသည်။

 ဇန်နဝါရီ ၂၉ ရက် တိုင်းတာချက်များအရ မြို့ပေါ်ရှိ နေရာပေါင်း ၂၄ နေရာတွင် လေထုအရည်အသွေးမှာ ကျန်းမာရေးကို စတင်ထိခိုက်နိုင်သည့် “လိမ္မော်ရောင်အဆင့်” သို့ ရောက်ရှိနေသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဖြစ်နိုင်ပါက နေအိမ်မှသာ အလုပ်လုပ်ရန် (Work From Home)၊ အပြင်ထွက်ပါက PM 2.5 ကာကွယ်နိုင်သည့် နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်ရန်နှင့် အပြင်ဘက်တွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။

အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများ အထူးဂရုစိုက်ရန် လိုအပ်ပြီး၊ ဖုန်မှုန့်လျော့ကျစေရန်အတွက် အမှိုက်ရှို့ခြင်း ရှောင်ကြဉ်ခြင်းနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် ဘန်ကောက်အာဏာပိုင်များက တောင်းဆိုထားသည်။