အမေရိကန် ရှေ့နေချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်တို့ ရာထူးမှ ထုတ်ပယ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ အနီးကပ်မဟာမိတ်ဖြစ်သူ ရှေ့နေချုပ် ပမ်းဘွန်ဒီ (Pam Bondi) ကို ရာထူးမှ ဖယ်ရှားလိုက်သည်။
ကာမရာဇဝတ်မှု ကျူးလွန်သူ Jeffrey Epstein နှင့် ပတ်သက်သော လျှို့ဝှက်ဖိုင်တွဲများ ထုတ်ပြန်မှုကို ခွင့်ပြုခဲ့သည့်အတွက် သမ္မတနှင့် လွှတ်တော်အမတ်များ၏ မကျေနပ်မှုကို ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီး (စစ်ဝန်ကြီး) ပက်တီ ဟဂ်ဆက်သ် (Pete Hegseth) သည် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ဂျ် (Randy George) ကို ချက်ချင်းအနားယူရန် ဖိအားပေး ဖယ်ရှားခဲ့သည်။
၂၀၂၇ ခုနှစ်အထိ တာဝန်သက်တမ်းရှိသော ဗိုလ်ချုပ်ကြီး George ၏ နေရာတွင် ဝန်ကြီး Hegseth ၏ လက်ထောက်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး Christopher LaNeve က ယာယီဦးစီးချုပ်အဖြစ် အစားထိုး တာဝန်ယူမည်ဖြစ်သည်။
ဤရွှေ့ပြောင်းမှုများသည် သမ္မတ၏ မူဝါဒများကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မည့် ခေါင်းဆောင်မှုအပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း အကဲခတ်များက သုံးသပ်သည်။