အိန္ဒိယရှိ ဘုရားကျောင်းတစ်ခုတွင် လူအုပ်တိုးဝှေ့မှုဖြစ်ပွားရာ ၆ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။ 

အိန္ဒိယနိုင်ငံ၊ ဘီဟားပြည်နယ်ရှိ အာသောက ဓမ္မ (Ashok Dham) ဘုရားကျောင်းတွင် လျှပ်စစ်ဓာတ်တိုင် ပြိုကျရာမှ လူအုပ်တိုးဝှေ့မှုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဟိန္ဒူဘာသာရေး ပွဲတော်ကာလအတွင်း လာရောက်ဝတ်ပြုသူ များပြားနေစဉ် လျှပ်စစ်ဓာတ်တိုင် ပြိုကျခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ လဲကျစဉ် လျှပ်စစ်ဓာတ်လိုက်မှုများ ဖြစ်ပေါ်ခဲ့ရာမှ လူအုပ်အတွင်း ထိတ်လန့်တကြား တိုးဝှေ့ထွက်ပြေးခဲ့ကြသည်။ 

လူအုပ် ကြီးက အချင်းချင်း ဖိမိ နင်းမိပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အတည်ပြုထားသည်။

Photo:PTI