မွန်ပြည်နယ်တွင် တစ်လအတွင်း လူ ၈၆ ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။ 

မွန်ပြည်နယ်တွင် တစ်လအတွင်း စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခံရသူ အပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၈၆ ဦး ရှိသည် ဟု မွန်လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များက ပြောသည်။

ဇန်နဝါရီလအတွင်း မွန်ပြည်နယ် ရေးမြို့နယ်တွင် အမျိုးသား၊ အမျိုးသမီး အယောက် ၅၀ ဦး၊  မော်လမြိုင် မြို့နယ်တွင် အမျိုးသား ၂၀ ဦး၊ ပေါင်မြို့နယ်တွင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၄ ဦးနှင့် သထုံမြို့နယ်တွင် အမျိုး သား ၂ ဦး စုစုပေါင်း ၈၆ ဦး ဖမ်းဆီးခံခဲ့ရသည်။

မွန်ပြည် လူသားချင်း စာနာမှု ကွန်ရက်အဖွဲ့ (MSHN) ပြောရေးဆိုခွင့်ရှိသူ မိဆောင်းက “အခုလက်ရှိ ဖမ်းဆီးတဲ့ ပုံစံက ပုံစံမျိုးစုံပဲပေါ့နော်။ အစ်မတို့ ဒီဘက်မှာဆို ရွှေတွင်းတွေထဲကို ဝင်လာပြီး ရွှေတွင်းလုပ်သားတွေကို ဖမ်း တယ်။ ပြီးရင် ဒီစစ်မှုထမ်း အရွယ်တွေ ဆိုရင် သူတို့ ဖမ်းထားတယ်။ စစ်မှုထမ်းအရွယ် မဟုတ်တဲ့သူဆို သူတို့ ပြန်လွှတ် လိုက်တယ်။ ဒဏ်ကြေးတွေနဲ့ပေါ့ ဘယ်နှစ်သိန်း ဆိုပြီးတော့ အဲ့လို ပုံစံမျိုးတွေနဲ့ လွှတ်လိုက်တာ ရှိတယ်ဟု ပြောသည်။

ရေးမြို့နယ်သည် ဖမ်းဆီးခံရမှု အများဆုံးနှင့် မော်လမြိုင်မြို့နယ်သည် ဒုတိယ အများဆုံး ဖြစ်သည်ဟု ဖေဖော် ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်သည့် လဂွန်းအိမ်စာစဉ်၏ မွန်ဒေသ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော် ပြထားသည်။

လဂွန်အိမ်စာစဉ်မှ ပြုစုထားသည့် အချက်အလက်အရ မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ်က ဒီဇင်ဘာလ တစ်လ အတွင်း ဖမ်းဆီးခံရသူ ၁၂ ဦး ရှိခဲ့ရာ၊ ၂၀၂၅ ခုနှစ်၊ နှစ်အစ ဇန္နဝါရီလ တစ်လအတွင်း ၈၆ ဦး အထိရှိခဲ့ပြီး စစ်တပ် ၏ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုနှင့် အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်း ဖမ်းဆီးမှု ဖြစ်စဉ်များသည် ပိုမို မြင့်တက်လာနေသည်ဟု ဆိုသည်။

မိဆောင်းကအခုဆို ခရီးသွားတွေကို ကားပေါ်မှာ ဖမ်းတာတွေလည်း ရှိတယ်။ ပြီးလို့ရှိရင် ညဘက်ပေါ့။ ညဘက် အချိန်မဟုတ် အခါမဟုတ် ထွက်တဲ့ဟာတွေ ပြီးလို့ရှိရင် ဆေးသမားတွေပေါ့နော်။ ညအချိန် သူတို့ ကင်းလှည့်တဲ့ အချိန်နဲ့ တွေ့လို့ရှိရင် အဲ့လိုမျိုး ဆေးသမားတွေ ဖမ်းတာကိုလည်း တွေ့ရတယ်ပေါ့နော်” ဟု ပြော သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်တွင် ဖမ်းဆီးခံရသူ ၃၆၅ ဦး ရှိခဲ့သည်ဟု လဂွန်အိမ် စာစဉ်၏ အချက် အလက်များ အရ သိရသည်။

စစ်ကောင်၏ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုနှင့် အတင်းအဓမ္မ တပ်သားသစ် စုဆောင်း ဖမ်းဆီးခေါ်ဆောင်မှု များကြောင့် ဒေသခံများ၏ စိုးရိမ်မှု အခြေအနေကိုလည်း မိဆောင်းက ယခုကဲ့သို့ ဆက်ပြောသည်။

“ကိုယ့်အိမ်က ကလေး ပါလာပြီ ဆိုလို့ရှိရင် ဒီကလေးကို ဘယ်ကို လွှတ်ရမလဲဆိုတဲ့ အနေအထားတွေပေါ့နော်။ အခုခါကြတော့ အခြေအနေက ပိုပြီးဆိုး လာတာပေါ့နော်။ နိုင်ငံခြားထွက် လို့မရတော့တဲ့ အခြေအနေတွေ လည်း ဖြစ်လာတယ်။ ဒါမှမဟုတ် လို့ရှိရင် လွတ်မြောက်နယ်မြေတွေ လာဖို့ဆိုတာကလည်း မသေချာဘူးပေါ့ နော်။ ကိုယ့်အိမ်က သားသမီးများ စစ်မှုထမ်း ဥပဒေအရ စာပေးခံရတာတို့၊ နာမည်စာရင်း ပေါက်နေတာတို့ ဆိုလို့ရှိရင်တော့ ဒါသူတို့အတွက် အရမ်းကို စိုးရိမ်မှုတွေက ဖြစ်နေတာပဲပေါ့နော်။”

မွန်ပြည်ထဲက မြို့နယ် ၁၀ မြို့နယ် အနက် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ် တို့တွင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားပြီး အခြားမြို့နယ်များထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကလည်း ပိုများသည်ဟု ဆိုကြသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်များထဲတွင် စစ်ကောင်စီမှ ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေ ထွက်ပေါ် လာပြီးနောက် မွန်ပြည် အနှံ့အပြားတွင် အုပ်စုလိုက် ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်နေပြီး ၂၀၂၅ ခုနှစ်ထဲတွင် ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းချိန်မှ ယနေ့အချိန်ထိ မွန်ပြည်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရသူ ၁,၃၅၁ ဦး ရှိပြီး နိုင်ငံ တစ်ဝန်းတွင် အရပ်သား ပြည်သူ ၃၀,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု လဂွန်အိမ်စာစဉ်၏ အချက်အလက်များ က ဆိုသည်။