အညာ ပြည်သူတွေ သတင်းအချက်အလက်တွေကို Starlink မှ ရယူနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့် အညာဒေသက ပြည်သူများသည် ဒေသတွင်းနှင့် နိုင်ငံတဝန်းက သတင်းအချက်အလက်များ ရရှိရန် ခက်ခဲနေမှုများကို စစ်ကောင်စီ ထိန်းချုပ်မထားသည့် ဂြိုလ်တု အင်တာနက်မှ တဆင့် ရယူနေနိုင်ကြပြီ ဟု ABSDF ဥက္ကဋ္ဌ က ပြောဆိုလိုက်သည်။
ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်မှုကြားက ပြည်သူများအနေနဲ့ ၎င်းတို့သိချင်သည့် သတင်းအချက် အလက်များ ရယူနေရသည့် အခြေအနေနှင့် ပတ်သက်၍ အညာဒေသကို ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ယခုကဲ့သို့ ပြောသည်။
“ကျနော်တွေ့တဲ့ လူထုကြားထဲမှာ တီဗွီကြည့်တဲ့ လူတန်းစား မရှိတော့ဘူးနော်။ နောက်တစ်ခုက လူတန်းစားဆို တဲ့ နေရာမှာ တီဗွီကြည့်တဲ့ တီဗွီပေါ်မှာ မှီပြီးတော့ သတင်းယူ ကြတော့မယ့် ဆိုတဲ့ အခြေအနေ တော်တော်ရှား သွားပြီ။ အဲတော့ ဘာလုပ်လဲဆိုတော့ သက်ကြီးရွယ်အိုပဲ ဖြစ်ဖြစ် ကျနော်တို့ ဒီ အခုပြောသလို အလယ်တန်း အထက်တန်း ကျနော်တို့ ဒီအရွယ်တွေက အစပေါ့နော်။ ကျနော်တို့ အားလုံးအိမ်တိုင်း ကိုယ်စီမှာတော့ အခု ပြောနေတဲ့ ဒီတယ်လီဖုန်း ဒါမှမဟုတ် တက်ပလက်လို ဟာမျိုးတွေနဲ့ ဆက်သွယ်မှု စနစ်ကို သတင်းအချက် အလက် ဒီသူတို့အတွက် ရယူတဲ့ပုံစံပေါ့ အဲဒီဖက်ကို ပြောင်းသွားတာ တွေ့ရတယ်။ တီဗွီကြည့်တဲ့နေရာက ဘောလုံးပွဲ ကြည့်တဲ့နေရာ ဖြစ်နေတယ်။ သတင်းကြည့်တဲ့ နေရာမဟုတ်ဘူး။ ကြည့်တဲ့လူရှိတယ် နည်းတယ်။”
အညာပြည်သူများသည် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက် ရယူရန် ခက် ခဲမှုများကို အချိန်အတော် ကြာကြာ ကြုံတွေ့ခဲ့ရပြီး လက်ရှိတွင်မူ စစ်တပ် ထိန်းချုပ်မှုအောက်က မဟုတ်သည့် Starlink အင်တာနက်ကို အသုံးပြီး သတင်းအချက်အလက်များ ပြန်လည်ရယူနေပြီဟု ဆက်ပြောသည်။
ရဲဘော်သံခဲက “ကျနော်ပြောတာက အများစုက သတင်းပေါ်မှာ မှီခိုနေတာကတော့ အခုပြောနေတဲ့ satellite စင်တာတွေက ကျနော်တို့ လူထုအတွက် သတင်းအချက်အလက် စုဆောင်းတဲ့နေရာ နောက်တစ်ခုက တော့ အချင်းချင်း ဆက်သွယ်တဲ့နေရာ နောက်မိသားစု အချင်းချင်းပဲ ဖြစ်ဖြစ် နောက်ဝေးကွာနေတဲ့ နိုင်ငံခြားကို လည်း ဆက်လို့ရတယ်” ဟု ပြောသည်။
ကလေးမှ လူကြီးအဆုံး ဖုန်းများ၊ tablet များအား အသုံးပြု၍ Star link အင်တာနက်ကို အသုံးပြီး အဝေး ရောက် မိသားစုဝင်များနှင့် ဆက်သွယ်ခြင်းနှင့် သတင်း အချက်အလက်များ ရယူနေကြသည်ဟု ရဲဘော်သံခဲက ဆက်ပြောသည်။
“အခုမြန်မာပြည်ထဲမှာ အချင်းချင်းလည်း ဆက်လို့ရတယ်ဆိုတဲ့ အခါကျတော့ တွေ့တာကျတော့ ဘယ်လို ပြော မလဲဆိုရင် တစ်ချို့နေရာတွေမှာတော့ အခု သက်ကြီးရွယ်အို ဥပမာ ထားပါတော့ အဖေ အမေလိုဟာမျိုး ဖြစ်မယ်။ အသက် ၇၀ လိုဟာမျိုး ၂ ယောက်လာပြီးတော့ ထိုင်နေရင် ဒါက ဂိမ်းဆော့တာ မဟုတ်တာတော့ သေချာတယ်။ ဒါ သူတို့စကားပြောနေတာက အဝေးကို ရောက်နေတဲ့ သူတို့ သားသမီးတွေနဲ့ စကားပြော နေ တယ်။ အလားတူပဲ ဒီလူငယ်တွေဆိုရင်လည်း အဲဒီမှာ သူတို့ ဝါသနာပါတာတွေ လေ့လာတယ်။ တစ်တော့လား ဒီလိုဟာမျိုးတွေနဲ့ သူတို့ဆော့ရင်ဆော့မယ်။ သူတို့ အချင်းချင်းကြားမှာ သတင်းအချက်အလက်တွေကို ပြောဆို နေတာတွေရှိတယ်” ဟု ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းအမှောင်ချဖို့ရန်အတွက် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းတို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများ၌ ဖြတ်တောက်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ် ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ပြည်သူတွေက ဆိုသည်။
ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်မှုများကြောင့် အညာဒေသက ပြည်သူများသည် သတင်းအချက် အလက် ရယူရန် အခက်အခဲများ ရှိလာသည့်အပြင် အွန်လိုင်းမှ စျေးရောင်းသူများ၊ အွန်လိုင်းကနေတဆင့် လုပ် ဆောင်ရသည့် ငွေသွင်း ငွေထုတ် လုပ်ငန်းများလည်း ရပ်တန့်သွားခဲ့သည်။
လက်ရှိတွင်မ အညာဒေသက ပြည်သူများသည် Starlink အင်တာနက်ကို အသုံးပြု၍ ရလာသည့်အတွက် ၎င်းတို့ သိချင်သည့် ဒေသတွင်းနှင့် နိုင်ငံတဝန်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု အစရှိ သည့် သတင်းများကို ပြန်ပြီးရယူနိုင်ကြပြီ ဖြစ်၍ ပြည်သူများ အချင်းချင်းကြားတွင်မလည်း သတင်း ဖလှယ်မှု များကို လုပ်ဆောင်နေကြပြီဟု ရဲဘော်သံခဲက ပြောသည်။
ဓါတ်ပုံ – ပြန်/ဆက်