တစ်လေးလုံး စစ်ဆင်ရေးကြောင့် လွိုင်ကော်အကျဉ်းသားများကို မိသားစုများနှင့် နိုင်ကျဉ်းဟောင်းများ စိုးရိမ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
တစ်လေးလုံး စစ်ဆင်ရေး ၃ လတာကာလ အခြေအနေ
တစ်လေးလုံး စစ်ဆင်ရေး စတင်ချိန်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ နှစ်အပိုင်း ဇန္နဝါရီလ ၁၁ ရက်နေ့ အထိ (၃ လတာ အတွင်း) ကရင်နီပြည်ထဲတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့သွားသော ကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်သည်။
တစ်လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက် တိုက်ပွဲများကြောင့် ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့မှု ဖြစ်သွား သောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်ကုန်ပြီဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။
လက်ရှိ ကရင်နီပြည်ထဲသို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းနှစ်ခုဖြစ်သော မိုးဗြဲ-လွိုင်ကော်လမ်းနှင့် တောင်ငူ-ယာဒို လမ်းကြောင်းနှစ်ခုလုံးမှာလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ကုန်ပြီဟုဆိုသည်။ ထို့ကြောင့် လက်ရှိတွင် ကုန်စည်စီးဆင်းမှုများ လုံးဝရပ်တန့်သွားခြင်း ဖြစ်သည်။
အလားတူ ကရင်နီပြည် မြို့တော် လွိုင်ကော်မြို့မှာ သာမက တစ်ပြည်နယ်လုံးတွင် စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရား လည်ပတ်မှုပါ ရပ်ဆိုင်းသွားပြီဟု ကရင်နီပြည် ကြားကာလ အတိုင်ပင်ခံ ကောင်စီနှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူများက ပြောသည်။
ယနေ့အချိန်ထိ မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်သလို ယခုစစ်ဆင်ရေး မတိုင်ခင်က လည်ပတ်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ အားလုံး ရပ်တန့်သွားပြီဟု ပြောသည်။
မြို့တော် လွိုင်ကော်တွင် သာမကဘဲ တပြည်နယ်လုံး အတိုင်းအတာနှင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား လည် ပတ်မှု ရပ်ဆိုင်းသွားပြီဟု ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြော သည်။
“သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားက တော်တော်လေးကြာပါပြီ။ လွိုင်ကော်မြို့ကို တိုက်မှတော့ မဟုတ်ဘူးလေ ဘာကြောင့်လဲဆို ကျနော်တို့က ဧရိယာရဲ့ ၆၅ ရာခိုင်နှုန်းကျော်ကို ကျွန်တော်တို့ နကိုကတည်းက စိုးမိုးထားပြီး ဖြစ် တယ်။ စစ်ကောင်စီက အခုလက်ရှိ မြို့ထဲမှာရှိတဲ့ သူတို့တပ်ရင်းတွေထဲမှာပဲ ရှိတော့တာဖြစ်တယ် သူတို့ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းတွေက ဘာမှ အကောင်ထည်ဖော်လို့ မရတော့ဘူး။ အဓိ က က သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ လုံးဝမရှိတော့အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အခုလိုမျိုး စစ်ဆင်ရေး လုပ်နေရတာဖြစ်တယ်ပေါ့။”
အုပ်ချုပ်ရေး ယန္တရားများ ရပ်ဆိုင်းသွားခြင်း နှင့် ကုန်စည်လမ်းကြောင်းများ ပိတ်သွားသည့်အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ မရတော့သောကြောင့် မြေပြင်က စစ်ရေးအခြေအနေနှင့် စစ်ရှောင်များ၏ အခြေ အနေများ အချိန်နှင့်တပြေးညီ သိရှိရနိုင်ရေး အခက်အခဲဖြစ်နေသည်ဟု ကူညီပေးနေသူများက ဆိုကြသည်။
လွိုင်ကော်အကျဉ်းသားများ အသက်အန္တရာယ်အတွက်မိသားစုဝင်များ စိုးရိမ်နေကြ
ဆက်သွယ်ရေး လိုင်းများ မရတော့သောကြောင့် လွိုင်ကော် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ၏ အခြေအနေနှင့် ပတ်သက်၍လည်း နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများကြား အဆက်အသွယ်များ ယနေ့ အချိန်ထိ ပြတ်တောက်နေသောကြောင့် စိုးရိမ်နေကြသည်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာလ ၂၄ ရက်နေ့က နောက် ဆုံးရရှိခဲ့နောက် ယနေ့အချိန်ထိ အဆက်အသွယ် ပြတ်သွားသည်ဟု နိုင်ငံရေး အကျဥ်းသားတစ်ဦး၏ မိခင်ဖြစ် သူက ပြောသည်။
“နှစ်လလောက်ပဲ ထင်တယ်။ အခုစစ်ရှောင်တာက တစ်လ ဟိုးအရင် သွားတွေ့ခွင့်ရတာက တစ်လလေ။ နောက် ပိုင်း အဆက်သွယ်မရတော့ဘူးလေ။ ဘယ်သူနဲ့ ဆက်သွယ်ရမှန်း မသိဘူးဖြစ်နေတာ။”
လွိုင်ကော် အကျဥ်းထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသား အယောက် ၁၄၀ ဦး ခန့်ရှိပြီး ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် ထောင်တွင်းအခြေအနေများနှင့် ပတ်သက်၍ အဆက်သွယ်များ ပြတ်တောက်နေသည်ဟု ကရင် နီ နိုင်ငံရေး အကျဉ်းသားများ KPPA ဥက္ကဋ္ဌ ခူးရှိုင်းရယ်က ပြောသည်။
“ဒီအာဏာသိမ်းပြီးနောက်ပိုင်းက လွိုင်ကော်ထောင်ကနေ လွတ်မြောက်ပြီး နိုင်ငံရေး အကျဥ်းသားက ၁၄၀ ကျော် လောက်ရှိတယ်ပေါ့။ အခုထပ်ပြီးတော့ လွိုင်ကော်ထောင်ထဲမှာပဲ ထပ်ကျန်တဲ့ နိုင်ငံရေးအကျဥ်းသား လည်း ၁၄၀ ကျော်ဝန်းကျင်လောက်တော့ ကျန်သေးတယ်ဗျ။ ထက်ဝက်နှုန်းက လွတ်ပြီးမှ ထက်ဝက်နှုန်း ကျန် သေးတယ်ပေါ့နော်။ ကျနော်တို့ အခုထိတော့ လွိုင်ကော်ထောင်နဲ့ အဆက်သွယ်မရတာတော့ တစ်လကျော် ကြာ သွားပြီပေါ့နော်။ ကျနော်တို့လည်း ကြိုးစားပြီးတော့ စုံစမ်းနေတယ်။ လက်ရှိအထိတော့ အဆက်သွယ် မရနိုင် သေးဘူးပေါ့နော်။”
လွိုင်ကော်အကျဥ်းထောင်သည် လက်ရှိ နိုင်ငံရေးအကျဥ်းသား အယောက် ၁၄၀ အပါအဝင် အကျဥ်းသား စုစု ပေါင်း ၅၀၀ ခန့်ရှိသည်ဟု ခူးရှိုင်းရယ်က ပြောသည်။
ပုဒ်မ ၅၀၅ – က ဖြင့် လွိုင်ကော်အကျဉ်းထောင်မှ ယခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးကလည်း ၎င်းကြုံတွေ့ခဲ့ရသည့် အကျဉ်းထောင်တွင်း အတွေ့အကြုံများ၊ အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ဆက်ပြောသည်။
“ထောင်ဝင်စာက ကျနော်တို့ ရှိနေတဲ့အတွင်းမှာ လုံးဝတွေ့ခွင့်မရဘူးဗျ။ စာရေးခွင့်ပဲ ရတယ်။ မိသားစုနဲ့ ဆက် သွယ်တာက နှစ်ပတ်တစ်ကြိမ် စာရေးနိုင်တာရှိတယ်။ နောက်ဆုံးမှာက တစ်လ တစ်ကြိမ်ပဲ ရှိလာတယ်ပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့်။”
ထိုကဲ့သို့ အဆက်သွယ်ပြတ်နေခြင်းကြောင့် လတ်တလောတွင် ကျန်းမာရေးပြဿနာနှင့် စားဝတ်နေရေး အခက် အခဲများ ကြုံလာနိုင်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ဆက်ပြောသည်။
“သူတို့ ဆရာဝန်တစ်ယောက်တော့ ရှိတယ်။ ဆေးဝါးကတော့ အခက်အခဲ ရှိတယ်ပေါ့နော်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ ပြတ်လပ်နိုင်တယ်ပေါ့နော်။ စားဝတ်နေရေး ခက်ခဲလာနိုင်တယ်။”
နိုင်ငံရေးအကျဥ်းသား တစ်ဦး၏ မိခင်က ၎င်း၏သားဖြစ်သူနှင့် အဆက်အသွယ် ပြတ်နေသည်မှာ နှစ်လခန့် ကြာလာပြီ ဖြစ်သောကြောင့် စိုးရိမ်နေမှု မြင့်တက်နေသည်ဟု ဆက်ပြောသည်။
“သူကလေ ထမင်း သိပ်မစားဘူးပေါ့နော်။ အစားအသောက် မစားဘူး။ အရင်က အဲ့လိုမျိုး ပို့ ကျွေးရင်လည်း မယူဘူးပေါ့။ သူများပဲ သူ့ကိုယူပေးနေတယ်။ သူမစားမသောက်တော့ အစာရေစာ ငတ်ပြတ်မှာကို စိုးရိမ်ရ တယ်လေ။ သူ့ကျန်းမာရေး အစာအိမ်လည်းရှိတယ်။ အဲ့လိုဆိုတော့ စိုးရိမ်တယ်လေ။”
လက်ရှိ လွိုင်ကော်အကျဥ်းထောင်အား စစ်ကောင်စီဘက်မှ ဆက်လက်ချုပ်ထားသောကြောင့် အကျဥ်းထောင်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်ခြင်း မပြုကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တိုက်တွန်းထား သည်။
လွိုင်ကော်အကျဉ်းထောင် အနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း အကျဥ်း ထောင်အနီးရှိ ပြည်နယ် ရဲစခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည်။
လွိုင်ကော် အကျဉ်းသားများကို တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ်သုံးမည်ကို နိုင်ကျဉ်းဟောင်းများ စိုးရိမ်
လွိုင်ကော်အကျဉ်းထောင်တွင်း အခြေအနေ ပိုမိုတင်းကြပ်လာပြီး ရိက္ခာပြတ်မှာကို စိုးရိမ်နေရသည့်အပြင် အကျဉ်းသားများကို လူသားဒိုင်းအဖြစ် အသုံးပြုခံရမည်ကိုပါ စိုးရိမ်ရသည့် အခြေအနေဖြစ်လာနေသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ က ပြောသည်။
ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော် အကျဉ်းထောင်ထဲက အကျဉ်းသားများကို လူသားဒိုင်းကဲ့သို့ ပြုလုပ် သွားမည်ကို စိုးရိမ်နေရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောသည်။
ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ခံက “(ထောင်ထဲမှာက) ပိုပြီး တော့ ခက်ခဲသွားနိုင်တာပေါ့နော်။ စစ်ပွဲ ဖြစ်ပြီဆိုရင် ထောင်သားတွေ အားလုံး သူတို့ အခန်း အသီးသီးမှာ ပိတ် လှောင်ထားတယ်။ ရေအရမ်း ရှားပါးတယ်။ စားနပ်ရိက္ခာတွေ အရမ်း ရှားပါးသွားတယ်။ ကျန်းမာရေး ဝန် ဆောင်မှု အခုလောက်ဆိုရင် ရှိတော့မှာ မဟုတ်ဘူး။ အဲလို ခက်ခဲမှုတွေ ရှိတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်သည့် အချိန်မှစပြီး ထောင်ဝင်စာ ပိတ်ခံထားရသည့် အပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အကျဉ်းထောင်အနီး ကရင်နီတော်လှန်ရေး အင်အားစုများနှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အကျဉ်းသားများအတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။
ယခင်က လွိုင်ကော်အကျဉ်းထောင်ထဲ ၃ လစာ ရိက္ခာများ ကြိုတင်စုဆောင်းလေ့ ရှိသောလည်း ၁၁.၁၁ စစ်ဆင် ရေးအတွင်း လမ်းကြောင်းများ ပိတ်ဆို့ထားခြင်းကြောင့် ဆေးဝါးနှင့် ရိက္ခာများ ပြတ်လပ်လာနေသည်။
ထို့ကြောင့် KPPA အနေဖြင့် အကျဉ်းသားများ၏ အခြေအနေများကို အမြဲနားစွင့်နေရပြီး ကူညီနိုင်မည့် လမ်း ကြောင်းများကိုလည်း စဉ်ဆက်မပြတ် ရှာဖွေနေသည်ဟု KPPA ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“ပြည်သူတွေ အနေနဲ့ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားနေတဲ့ အခု ကျနော်တို့ အဖွဲ့ပေါ့နော်။ အရင်တုန်း တစ်လျှောက်လုံး ထောင်ထဲမှာ ရှိတဲ့ကာလမှာလည်း ကျနော်တို့ ဒီနိုင်ကျဉ်းတွေ၊ တခြားအကျဉ်းသားတွေရဲ့ စားရေး သောက်ရေးနဲ့ ကျန်းမာရေး ကဏ္ဍကို ဝိုင်းဝန်းထောက်ပံ့ ကူညီကြတာတွေ ရှိတယ်ပေါ့။ အပြင်ရောက်တဲ့ အချိန်မှာလည်း ဝိုင်းဝန်း ကူညီနေကြတုန်းပဲ။ ဆိုတော့ မိဘပြည်သူတွေ အနေနဲ့ လည်း ကျနော်တို့ အဖွဲနဲ့အတူ ပူးပေါင်းဆောင်ရွက်စေချင်တယ်ပေါ့။”
လက်ရှိ လွိုင်ကော် အကျဉ်းထောင်ထဲတွင် အကျဉ်းသား အယောက် ၅၀၀ ခန့်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားက အယောက် ၁၄၀ ခန့်ရှိသည်။
ထို့ကြောင့် နိုင်ကျဉ်းများအပေါ် ဒီဇင်ဘာလအတွင်း ထောင်တွင်း အခြေအနေ တင်းကြပ်စေရန် ရည်ရွယ်၍ စစ်ကောင်စီတပ်ဘက်က ရာထူးကြီးပိုင်း အချို့ကို လွိုင်ကော်ထောင်ထဲ အရာရှိအဖြစ် ပြောင်းရွှေ့ ပေးလိုက်ခြင်း ကြောင့် ယခင်ကထက် ပိုပြီး စိုးရိမ်နေရသည်ဟု ဆိုကြသည်။
တစ်လေးလုံး စစ်ဆင်ရေးထဲ အကျဉ်းသားများ အသက်အန္တရာယ်ရှိမည်ကို ကရင်နီ နိုင်ကျဉ်းဟောင်းများ စိုးရိမ်
လွိုင်ကော်ထောင်ထဲက အကျဥ်းသားများ အသက်ဆုံးရှုံးသွားသည့် အခြေအနေမျိုးထိ မဖြစ်စေရေး အကျဥ်း ထောင်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနိုင်စွမ်းရှိသည့် ကူညီပေးနေကျ အဖွဲ့စည်းများ အနေဖြင့် အမြန်ဆုံး လုပ်သင့်ပြီဟု ကရင်နီ နိုင်ငံရေး အကျဥ်းသားများအစည်းအရုံး KPPA က တိုက်တွန်း ပြောဆိုလိုက်သည်။
လက်ရှိ လွိုင်ကော်မြို့တွင်း နှစ်ဖက်တိုက်ပွဲများကြောင့် လွိုင်ကော်အကျဥ်းထောင်ထဲ၌ အကျဥ်းသား ၅၀၀ ခန့် ပိတ်မိနေပြီး ၎င်းတို့အတွက် အရေးပေါ် အကူအညီများ လိုအပ်နေပြီဟု KPPA ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုး က ပြောသည်။
“ထောင်ပတ်ဝန်းကျင်မှာလည်း နှစ်ဖက် အင်အားစုတွေ ရောက်ရှိနေတဲ့အတွက် အရေးပေါ် အခြေအနေပေါ့နော် လူသားတိုင်း အသက်ရှင်နေထိုင်ခွင့်ဆိုတဲ့ အခွင့်အရေးအရ ထောင်သားတွေ အသက်ရှင်နေထိုင်ခွင့်ရဖို့ကို ဒီ UN အောက်မှာ ရှိတဲ့အဖွဲ့အစည်းတွေ အလုပ်လုပ်သင့်တယ်။ ပြီးရင် ဒီအကျဥ်းထောင် ကိစ္စရပ်တွေမှာ အမြဲတမ်း ပါ ဝင် လှုပ်ရှာပေးတဲ့ ICRC အဖွဲ့တွေလည်း အခုချိန်မှာ ဒီအကျဥ်းသားရေးရာ ကိစ္စတွေကို အာရုံစိုက်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံဉာဏ်ပေးချင်ပါတယ်။”
လက်ရှိ လွိုင်ကော်အကျဥ်းထောင်ပရဝုဏ် အတွင်း အကျဉ်းထောင်စောင့် ရဲများသာမက စစ်ကောင်စီ တပ်သား များပါ ရှိနေနိုင်ပြီး အကျဥ်းသားများအား ခြိမ်းခြောက် ဖိနှိပ်မှုများ ရှိနေနိုင်သည်ဟု ပြောသည်။
ထို့အပြင် ယခင်နှစ် ဇန်နဝါရီလတုန်းကလည်း လွိုင်ကော်အကျဥ်းထောင်၌ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွါးခဲ့ပြီး ယခု တစ်ခေါက်အခြေအနေက ယခင်က အခြေအနေထက် ပိုဆိုးရွားနေသည်ဟု ကိုထားဖိုးက ဆက်ပြောသည်။
“၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာဆိုရင် စ စချင်း အခန်းထဲမှာ ပိတ်လှောင်ထားလိုက်တယ်။ ရေ ရရှိမှုကလည်း အရမ်း ကို နည်းတယ်။ ပြီးရင် စားရသောက်ရတာလည်း အရမ်းကို အခက်အခဲ ဖြစ်တယ်။ သာမာန် အချိန်တွေမှာဆို မစားကြတဲ့ အရွက်ရင့်တွေကို စားကြရတယ်။ ကျန်းမာရေး ဝန်ဆောင်မှုအပိုင်းမှာ ဆိုရင်လည်း ပုံမှန်ဆိုရင် ကျနော်တို့ ဆေးခန်းပြခွင့် ရှိတယ်ပေါ့နော်။ အခု ဒီစစ်ပွဲဖြစ်တဲ့ တစ်လျှောက်လုံးမှာ ဆေးခန်းပြခွင့် မရှိတော့ ဘူး။ တစ်လလောက်ကြာမှ ဆေးခန်းတစ်ခါ ပြခွင့်ရှိလာတယ်ပေါ့နော်။”
လွိုင်ကော်ထောင်ထဲက အကျဥ်းသားများထဲ အမျိုးသမီးအကျဥ်းသူများ အတွက် ပိုစိတ်ပူရသည့် အနေအထား မျိုး ဖြစ်နေသည်ဟု ကရင်နီ နိုင်ငံရေး အကျဥ်းသားများအစည်းအရုံး KPPA က တာဝန်ရှိသူက ဆက်ပြောသည်။
ကိုထားဖိုးက “အမျိုးသမီးကတော့ပိုပြီးစိတ်ပူရတာပေါ့ ၂၀၂၂တုန်းကလဲတိုက်ပွဲဖြစ်တဲ့အချိန်မှာ အမျိုးသမီးသုံး လေးယောက် လောက်က hart attack ပုံစံဖြစ်ပြီးတော့ မေ့လဲကျသွားတာတွေရှိတယ်။ ပြီးတော့ အသက် ကယ်ဆေး ထိုးပေးရတာတွေ အောက်ဆီဂျင် ပေးရတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အခုလို ရှည်ကြာပြီး ဖြစ်နေတဲ့ အတွက်ပေါ့ သူတို့ စိတ်ပိုင်းဆိုငိရာမှာ ထိခိုက်မှုတွေ ရှိခဲ့တဲ့အတွက် ပိုပြီး ထိခိုက်သွားနိုင်တယ်ပေါ့ နော်” ဟု ပြောသည်။
လက်ရှိ လွိုင်ကော်အကျဥ်းထောင်ထဲက အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ email ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားလာခြင်းမျိုး မရှိသေးပေ။
တစ်လေးလုံး စစ်ဆင်ရေး စတင်ချိန်မှ ယနေ့အချိန်ထိ အကျဉ်းထောင်အနီးတွင် ကရင်နီပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုများပင် ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။